ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈၀ ခန့်သေဆုံးကြောင်း NUG ထုတ်ပြန်
မြန်မာနိုင်ငံနှံ့တွင် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပဋိပက္ခများတွင် စစ်ကောင်စီ ၅၈၀ ခန့်သေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပဋိပက္ခဖြစ်စဉ်များတွင် စစ်ကောင်စီ ၅၈၀ ဦး သေဆုံးပြီး ၁၈၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနှင့် ကချင်ပြည်နယ်များတွင် တိုက်ပွဲနှင့် ပဋိပက္ခဖြစ်ပွားမှု အများဆုံးဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံးဖြစ်သည်။
တစ်လအတွင်း တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် ပြည်သူ ၇၃ ဦးသေဆုံးခဲ့ပြီး ၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထုတ်ပြန်ချက်ကို ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအချက်အလက်များနှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ဓါတ်ပုံ – မုံကိုးမြို့နယ်တွင် ဩဂုတ်လအတွင်းဖြစ်ပွားသည့် MNDAA နှင့်တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ
မူရင်းထုတ်ပြန်ချက်များကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
သင့်ထင်မြင်ချက်ရေးပေးပါ