Month: April 2024

မချမ်းဘော့တွင် ရွာလူဦးရေ၏ ငါးပုံတစ်ပုံခန့် စစ်မှုထမ်းရမည်ဟုပြောပြီး ထွက်ပြေးပါက ထောင်ချမည်ဟု ခြိမ်းခြောက်နေ

လူဦးရေ ၆၀၀ ခန့်ရှိသော မချမ်းဘော့မြို့နယ်၊ အလန်ဂါးကျေးရွာတွင် အယောက် ၁၀၀ ခန့် စစ်မှုထမ်းရမည့်အမည်စာရင်းတွင်ပါဝင်နေပြီး ထွက်ပြေးတိမ်းရှောင်ပါက ထောင်ချမည်ဟု ခြိမ်းခြောက်မှုများရှိနေကြောင်း သိရသည်။

မိုးမောက်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းအားလုံး တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်ကြောင်း KIO အတည်ပြု

မိုးမောက် – လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ထံမှသိရသည်။

မံစီတွင် စစ်ကောင်စီတပ်၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာပြင်းထန်

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ကအကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မံစီမြို့နယ်တွင် ယနေ့နံနက် ၁ နာရီခန့်က ပြည်သူငါးဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုးကောင်းတွင် အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရသည့် နောက်ဆက်တွဲအဖြစ် ခရစ်ယာန်ဘာသာရေးဆရာများအပါအဝင် ဒေသခံအချို့ထပ်မံဖမ်းဆီးခံရ

မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရပြီးနောက် ယမန်နေ့ ညနေ ၃ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ ဘာသာရေးဆရာအပါအဝင် ပြည်သူအများအပြားကို လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

လွတ်ရက်စေ့သဖြင့် ကချင်ပြည်နယ် NLD ဝန်ကြီးနှစ်ပါး ပြန်လည်လွတ်မြောက်လာ

မြစ်ကြီးနားအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကချင်ပြည်နယ်စည်ပင်ဝန်ကြီး နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ လွတ်ရက်စေ့သဖြင့် ယနေ့ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဖားကန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံတစ်ဦးသေ၊ ခြောက်ဦးထက်မနည်းဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ယမန်နေ့ နံနက် ၁၁ နာရီခန့်က ဖားကန့်မြို့၊ မော်မောင်းလယန်ကျေးရွာတွင် အမျိုးသမီးသေဆုံးပြီး ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နှစ်ပေါင်း ၇၀ ခန့်သက်တမ်းရှိ စိန်လုံတောင် ဗျူဟာကုန်းကို KIA သိမ်းပိုက်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

မိုးမောက်မြို့နယ်ရှိ  စိန်လုံတောင်စစ်ကောင်စီဗျူဟာကုန်းကို ယနေ့ နံနက် ၇ နာရီအချိန်ခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။