Month: February 2023

ချောင်းဦးဒေသခံများ၏ စိုက်ခင်း ဧက ၂၀၀ ခန့်ကို စစ်ကောင်စီမီးရှို့ဖျက်ဆီး

ချောင်းဦးဒေသခံပြည်သူများ၏ စိုက်ပျိုးခြံ ဧက ၂၀၀ ခန့်ကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့က သုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကန်ပိုက်တီမြို့​ကို ကံပိုင်တည်ဟု ပြောင်းလဲခေါ်ဆို

ပန်ဝါအခြေစိုက်နယ်ခြားစောင့်တပ် ခေါင်းဆောင်ဟောင်း၏ တောင်းဆိုမှုကြောင့် ကန်ပိုက်တီမြို့ကို ကံပိုင်တည်မြို့အဖြစ် စစ်ကောင်စီက အမည်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။

ဆောက်လုပ်နေသော မြေထိန်းနံရံ ခိုင်ခံ့မှုမရှိမည်ကို ဝိုင်းမော်ဒေသခံများ စိုးရိမ်

ဝိုင်းမော်မြို့နယ် အင်မြန်ချောင်းတွင် ဆောက်လုပ်နေသည့် မြေထိန်းနံရံကို အရွယ်အစားသေးငယ်သော ကျောက်ခဲများကိုသာ အသုံးပြုနေသောကြောင့် ခိုင်ခံ့မှုမရှိမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

တန်ဖဲကျေးရွာတွင် နေအိမ်မီးလောင်မှုကြောင့် ၃ လသားအရွယ် ကလေးငယ်တစ်ဦးသေဆုံး

မြစ်ကြီးနားမြို့နယ် တန်ဖဲကျေးရွာတွင် ယမန်နေ့ နံနက် ခုနှစ်နာရီခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး သုံးလသားအရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မူဆယ်ကာကွယ်ရေးအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း၊ အဖွဲ့ဝင်အချင်းချင်းပစ်သတ်ခဲ့သူများကို ပြစ်ဒဏ်ချမှတ်

မူဆယ်မြို့နယ်မှ တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် People Security and Defense Army (PSDA) အဖွဲ့ကို Tactic of Muse အဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး အဖွဲ့ဝင်အချင်းချင်းပစ်ခတ်သတ်ဖြတ်ခဲ့သူများကို...

ကာမိုင်းမြို့အဝင်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကာမိုင်းမြို့အဝင် ကောင်ရာကျေးရွာအနီးရှိ ဒေသအခေါ် လောင်းရှာတံတားအနီးတွင် ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။