Month: November 2021

တန့်ဆည်တွင် ပျူစောထီးထောက်ခံအားပေးသူတစ်ဦး ပစ်သတ်ခံရ

တန်ဆည်မြို့နယ်တွင် ပျူစောထီးအဖွဲ့ကို ထောက်ခံအားပေးပြီး ထောက်ပို့ရေးလုပ်ဆောင်ပေးနေသည်ဟု ဒေသခံများပြောဆိုနေသူတစ်ဦး ယမန်နေ့ နိုဝင်ဘာ ၉ ရက် မွန်းလွှဲ ၁၂ ခွဲခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

ကသာမြို့မှ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA နှင့်ပူးပေါင်းအဖွဲ့ မိုင်းခွဲတိုက်ခိုက်

စစ်ကိုင်တိုင်း၊ ကသာမြို့မှ မိုးတားလေးကျေးရွာသို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေနှင့်ပူးပေါင်းအဖွဲ့က ယနေ့ မွန်းလွှဲ သုံးနာရီခွဲခန့်က အထက်ဝဲကြီးကျေးရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မုံကိုးမြို့တွင် စစ်ကောင်စီယာဉ်တန်းမိုင်းခွဲ တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မုံကိုးမြို့တွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်းကို ကိုးကန့် (MNDAA) တပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့ လာတူးရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီး

စစ်ကောင်စီစစ်ကြောင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ရှိ လာတူးရွာကို ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖယ်ခုံတွင် ဒေသခံခြောက်ဦးကို စစ်ကောင်စီစစ်ကြောင်းက အကြောင်းမဲ့ဖမ်းဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှ ပြည်သူခြောက်ဦးကို စစ်ကောင်စီစစ်ကြောင်းက ယမန့်နေ့က အကြောင်းမဲ့ဖမ်းဆီးသွားကြောင်းသိရသည်။

မုံကိုးတွင် စစ်ကောင်စီက အမျိုးသားတစ်ဦးကို ခြေထောက်ရိုက်ချိုးကာ ဦးခေါင်းတွင် သေနတ်ဖြင့် ပစ်သတ်

စစ်ကောင်စီတပ်က မုံကိုးမြို့နယ်၊ ဆိုင်ဝမ်ကျေးရွာအနီးတွင် ပစ်သတ်ထားသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ ညနေပိုင်းက မိသားစုဝင်များ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

မင်းတပ်တွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံး

မင်းတပ်-မတူပီကားလမ်း၊ မိုင်တိုင် ၁၉ တွင် ယနေ့မွန်းလွဲတစ်နာရီခန့်က စစ်ကောင်စီယာဉ်တန်းကို CDF အဖွဲ့က တိုက်ခိုက်ခဲ့သဖြင့် သံချပ်ကာယာဉ်တစ်စီးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးကျော်သေဆုံးခဲ့ကြောင်းသိရသည်။

ပူတာအိုမြို့ရှိ ကျေးရွာနှစ်ခုတွင် မူးယစ်ဆေးဝါးသုံးစွဲသူ များပြားလာ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ ပူတောင်းကျေးရွာနှင့် လန်းတောင်ကျေးရွာတို့တွင် မူးယစ်ဆေးဝါး သုံးစွဲသူများပြားလာကြောင်း ဒေသခံများထံမှသိရသည်။

ရွှေကူမြို့နယ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ကေအိုင်အေ လက်နက်ကြီးဖြင့် တိုက်ခိုက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျောက်ကြီးကျေးရွာအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့က ယနေ့ မွန်းလွဲ လေးနာရီဝန်းကျင်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့်မှုကို လက်ပူးလက်ကြပ်မိသော်လည်း စစ်ကောင်စီတပ်သားက ဝန်ခံခြင်းမရှိဘဲ ငြင်းဆိုနေ

စစ်ကောင်စီတပ်သားတစ်ဦးက ကွတ်ခိုင်မြို့နယ်တွင်နေထိုင်သည့် အသက် ၆၂ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် အဓမ္မပြုကျင့်နေမှုအား သက်သေနှင့်တကွ တွေ့ရှိခဲ့သော်လည်း ကျူးလွန်သူက...

စစ်ကောင်စီတပ်ကြောင့် ဖယ်ခုံစစ်ရှောင်ပြည်သူများ ကောက်ရိတ်ရန် အခက်အခဲဖြစ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသောကြောင့် စစ်ရှောင်ပြည်သူများ စပါးရိတ်သိမ်းနိုင်ရန် အခက်အခဲများဖြစ်နေကြောင်းသိရသည်။