စစ်ကိုင်တိုင်း၊ ကသာမြို့မှ မိုးတားလေးကျေးရွာသို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေနှင့်ပူးပေါင်းအဖွဲ့က ယနေ့ မွန်းလွှဲ သုံးနာရီခွဲခန့်က အထက်ဝဲကြီးကျေးရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ခြေလျင်ချီတက်လာသော လူအင်အား ၇၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီစစ်ကြောင်းအား မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့မှုများရှိကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“မိုင်း ၃ လုံး ခွဲတာ ၂ လုံးက ကွက်တိထိတာ မြင်နေရတယ်။ မိုင်းခွဲပြီးတဲ့နောက် လက်နက်ကြီးပစ်ကူပြီး ဆုတ်ခဲ့ပြီ။ သူတို့(စစ်ကောင်စီ)တော့ ရမ်းသမ်းပစ်နေခဲ့တာပဲ” ဟုပြောသည်။

စစ်ကောင်စီ တပ်စွဲထားသော မိုးတားလေးကျေးရွာတွင် စစ်အင်အားများ နေ့စဉ် ဖြည့်တင်းလျက်ရှိပြီး ရေလမ်းကြောင်းဖြင့်လည်း အင်အားဖြည့်နေသည်ဟု သူကပြောသည်။

မိုးတားလေးကျေးရွာ၊ မြေနု​ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကသာခရိုင် ပြည်သူ့ကာကွယ်ရေးတပ် (ကသာ) ပူးပေါင်းအဖွဲ့တို့ ယမန်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူနေအိမ်အချို့မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ပုံ / ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာမှ ကေအိုင်အေ စစ်သည်တစ်ဦး။

==============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ