တန်ဆည်မြို့နယ်တွင် ပျူစောထီးအဖွဲ့ကို ထောက်ခံအားပေးပြီး ထောက်ပို့ရေးလုပ်ဆောင်ပေးနေသည်ဟု ဒေသခံများပြောဆိုနေသူတစ်ဦး ယမန်နေ့ နိုဝင်ဘာ ၉ ရက် မွန်းလွှဲ ၁၂ ခွဲခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

သတ်ခံရသည့် တိရိစ္ဆာန်ဆရာဝန် ကိုညိုဝင်းသည် ဆေးကုပြီးအပြန် အင်းနားရွာအနီး၌ သေနတ် ၃ ချက်ပစ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု တန့်ဆည်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဆေးကုတယ်။ သူက ဟိုကောင်တွေ ဘက်ကိုသန်ခဲ့တဲ့သူ။ သူက ချဲဒိုင်၊အစိမ်း၊ ပျူထောက်ခံအားပေး ထောက်ပို့လုပ်နေတဲ့သူလို့သိရတယ်ဗျ” ဟု သူကပြောသည်။

သေဆုံးသူ ကိုညိုဝင်း၏ အမျိုးသမီးသည် Non CDM သားဖွားဆရာမတစ်ဦးဖြစ်‌ကြောင်း သူကဆက်ပြောသည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် အောက်တိုဘာ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ကို လမ်းပြပြုလုပ်ခဲ့ပြီး ဒလန်ဟုစွပ်စွဲခံရသည့် ချောင်းဆုံတောင်ရွာမှ ပျူစောထီး သားအဖနှစ်ယောက် သေနတ်ဖြင့် ပစ်သတ်ခံရသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

 

သင့်ထင်မြင်ချက်ရေးပေးပါ