Month: November 2021

ဖားကန့်တွင် စစ်ကောင်စီ၏မြေမြုပ်မိုင်းကြောင့် ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရ

လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာရှိ စစ်ကောင်စီတပ်၏ ယမ်းချက်စက်ရုံတပ်စခန်းအနီးရှိခြံတွင် ယမန်နေ့ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်က မြေမြုပ်မိုင်း‌ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကလေးတွင် အောက်ဆီဂျင်အိုးပေါက်ကွဲသဖြင့် ခရစ်ယာန်ဓမ္မဆရာလင်မယားသေဆုံး

ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ ဗက်သနီ (Bathany) ဆေးခန်းတွင် နိုဝင်ဘာ ၁၀ ရက်နေ့ည ၇ နာရီခွဲခန့်က အောက်စီဂျင်အိုးပေါက်ကွဲမှုကြောင့် မိသားစုဝင်နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။

စစ်ကောင်စီယာဉ်တန်းကို ကိုးကန့် (MNDAA) တပ်က တိုက်ခိုက်သဖြင့် စစ်ကား (၉) စီး ပျက်စီး

မုံကိုးခရိုင်နှင့် မူပန်ခရိုင်(သိန္နီ)တို့တွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ယာဉ်တန်းကို ကိုးကန့်(MNDAA)တပ်ဖွဲ့များက ယမန်နေ့ နိုင်ဝင်ဘာ ၁၁ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကား (၉) စီး ပျက်ဆီးခဲ့ကြောင်း...

ဒီးမော့ဆိုမြို့နယ်တွင်ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးသေ KNDF တပ်သား တစ်ဦးကျဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ မွန်းလွဲ တစ်နာရီခန့်ကဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်တို့အကြားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးကာ KNDF တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

ရွှေကူတွင် စစ်ကောင်စီတပ်ဖွဲ့တင်ဆောင်လာသည့် သင်္ဘောနှစ်စီးပစ်ခတ်ခံရပြီး တစ်စီးလက်နက်ကြီးထိမှန်

စစ်ကောင်စီတပ်ဖွဲ့ဝင်များတင်ဆောင်လာသည့် သင်္ဘောနှစ်စီး ယနေ့ညနေ ၅နာရီခန့်တွင် ရွှေကူမြို့နယ်၊ ဘိုကုန်းကျေးရွာအနီး၌ ပစ်ခတ်ခံရပြီး တစ်စီးကိုလက်နက်ကြီးထိမှန်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့ရှိ လောင်းကစားဝိုင်းတစ်ခုတွင် ဗုံးကွဲ

ရွှေကူမြို့နယ် ဗန်းမော် – မန္တလေးအဝေးပြေးလမ်းမပေါ် အထက်လေးလမ်းဆုံရှိ လောင်းကစားဝိုင်း ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နေ့ည ၁၁ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုလွမ်းဇောင်းနှင့် မဆိုင်းနူးပန် ထိမ်းမြားလက်ထပ်

ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦးဖြစ်ကြသည့် ကိုလွမ်းဇောင်းနှင့် မဆိုင်းနူးပန်တို့ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထိမ်းမြားလက်ထပ်ခဲ့ကြောင်း သိရသည်။

လိုင်ဇာမြို့အနီးရှိ အလန့်ဘွမ်အထက်တန်းကျောင်းတွင် ကိုဗစ်ကူးစက်ခံရသူ ၆၀၀ ကျော်ရှိ

ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ဌာနချုပ်ဖြစ်သည့် လိုင်ဇာမြို့အနီးရှိ အလန့်ဘွမ်အထက်တန်းကျောင်းတွင် ကိုဗစ်ကူးစက်ခံထားရသူ ၆၈၃ ဦး ရှိကြောင်း အဆိုပါကျောင်း၏ လက်ထောက်ကျောင်းအုပ်ထံမှ သိရသည်။

စစ်ကောင်စီ ဆေးတပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်လာ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ဆေးတပ်သားတစ်ဦး လက်နက်နှင့်အတူ Karenni Generation Z Army သို့ ဝင်ရောက်ခိုလှုံလာခဲ့ကြောင်း...

ချောင်းဦးတွင် မိုင်းလာရှင်းသည့် စစ်ကောင်စီတပ်သား ၁၂ဦးသေ၊ စစ်ကားနှစ်စီး ပျက်စီး

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချောင်းဦးမြို့အဝင် ချောင်းဦး-ပခုက္ကူလမ်းမရှိ ဗိုလ်ချုပ်ပန်းခြံအနီးတွင် PDFများ ထောင်ထားသည့် မိုင်းနှစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့များက မိုင်းလာရှင်းစဉ် မိုင်းပေါက်ကွဲခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ ၁၂ ဦး သေဆုံးပြီး စစ်ကားနှစ်စီး...