ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ဌာနချုပ်ဖြစ်သည့် လိုင်ဇာမြို့အနီးရှိ အလန့်ဘွမ်အထက်တန်းကျောင်းတွင် ကိုဗစ်ကူးစက်ခံထားရသူ ၆၈၃ ဦး ရှိကြောင်း အဆိုပါကျောင်း၏ လက်ထောက်ကျောင်းအုပ်ထံမှ သိရသည်။

အလန့်ဘွမ်ကျောင်းတွင် ကျောင်းဆရာမ၊ ဆရာများ၊ ကျောင်းသား/သူ နှင့် ဝန်ထမ်းအပါအဝင် လူဦးရေ ၁၀၅၇ ဦး ရှိသည့်ကျောင်းဖြစ်ရာ ကျောင်းလူဦးရေ၏ ၆၄ ရာခိုင်နှုန်းခန့် ကိုဗစ်ကူးစက်ခံထားရသည်။

လက်ရှိအချိန်တွင် ကိုဗစ်ပိုးတွေ့ ရှိသူများကို သီးသန့်စာသင်ဆောင်သို့ ရွေ့ပြောင်းထားကာ ဆေးကုသမှု ပြုလုပ်ပေးနေကြောင်း သိရသည်။

အလန့်ဘွမ်ကျောင်းမှ ကိုဗစ်ပိုးတွေ့လူနာများအတွက် လိုအပ်သည့် အစားအသောက်နှင့် ဆေးဝါးများကို ပြည်သူများ နှင့် ကေအိုင်အိုအစိုးရမှ ထောက်ပံ့ပေးနေကြောင်းသိရသည်။

ကိုဗစ်ကာကွယ်ကုသရေးကော်မတီမှ လိုင်ဇာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများနှင့် စစ်ရှောင်စခန်းများအားလုံးကို နိုဝင်ဘာလ ၂ ရက်နေ့မှ စပြီး လော့ဒေါင်းပြုလုပ်ထားကြောင်း သိရသည်။

Source and Photo – The Kachin Net

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ