Month: July 2021

စစ်ကိုင်းတိုင်းမှ ပြန်လာသူ ကိုးဦးမှ ခြောက်ဦးတွင် ကိုဗစ် ၁၉ ပိုးတွေ့

စစ်ကိုင်းတိုင်း ဗန်မောက်မြို့မှ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်တော်ကြီးဒေသတို့ပြန်လာသူထဲက ခြောက်ဦးတွင် ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့၌ ကိုဗစ် ၁၉ ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီမှ ချေးငွေထုတ်မပေးသည့်အတွက် မိုးညှင်းဒေသက တောင်သူများခက်ခဲနေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးမည့် တောင်သူများကို စစ်ကောင်စီ၏ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေမထုတ်ပေးတော့သည့်အတွက် တောင်သူများ အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်းသိရသည်။

lockdown ချထားသောအိမ်မှ သုံးနှစ်ခွဲအရွယ် ကလေးအပါအဝင် တစ်အိမ်သားလုံးတွင် ကိုဗစ်ပိုးတွေ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် lockdown ချထားသည့်အိမ်မှ သုံးနှစ်ခွဲအရွယ် ကလေးအပါအဝင် တစ်အိမ်သားလုံးတွင် ကိုဗစ် ၁၉ ပိုးတွေ့ရှိကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

ဗန်းမော်ဆိပ်ကမ်းတွင် စစ်ကောင်စီတပ်၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေနတ်ထိမှန်သေဆုံ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ယနေ့ ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲခန့်၌ ရွှေဗန်းမော်ဆိပ်ကမ်းရှိ ဖဲဝိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်၍ ဝင်ရောက်ဖမ်းဆီးရာ...