ဖားကန့် သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရ၊ ၁ဦးကျဆုံး
ဖားကန့်မြို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းသည် ယနေ့ နံနက် ၁၀နာရီခွဲခန့်က မှော်ဝမ်းကျေးရွာအရောက်တွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်ဖြိုခွင်းခံရသောကြောင့် ၁ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည့်အပြင် ဖမ်းဆီးခံရသူများလည်းရှိကြောင်း ဒေသခံများက သတင်းပေးပို့လာသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမောက်ဒေသခံ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာပြင်းထန်
မိုးမောက်မြို့နယ်၊ နွမ်လန်းကျေးရွာတွင် စစ်ကောင်စီ၏ တိုက်လေယာဥ်ဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် နွမ်လန်းဒေသခံ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း သိရသည်။
ဟိုပင်မြို့ထဲတွင် ယခုည ၁ နာရီခွဲခန့် အချိန်ထိ ပစ်ခတ်သံများကြားနေရ
ကချင်ပြည်နယ် မိုးညှင်ခရိုင် ဟိုပင်မြို့တွင် ပစ်ခတ်သံများကြားနေရသည်ဟု ကနဦးသိရသည်။ ဧပြီလ ၂၇ ရက်နေ့ ည ၁၁နာရီ ခွဲခန့်မှ ယခု သန်ခေါင်ယံ ၁ နာရီခွဲခန့်...