ဟိုပင်မြို့ထဲတွင် ယခုည ၁ နာရီခွဲခန့် အချိန်ထိ ပစ်ခတ်သံများကြားနေရ

ကချင်ပြည်နယ် မိုးညှင်ခရိုင် ဟိုပင်မြို့တွင် ပစ်ခတ်သံများကြားနေရသည်ဟု ကနဦးသိရသည်။

ဧပြီလ ၂၇ ရက်နေ့ ည ၁၁နာရီ ခွဲခန့်မှ ယခု သန်ခေါင်ယံ ၁ နာရီခွဲခန့် အချိန်ထိ လက်နက်ကြီးသံများ သေနတ်သံများကြားနေရသည်ဟု ဒေသခံတစ်ဦးက The 74 media ကိုပြောသည်။

” ၁၁ ခွဲလောက်ကနေ ခုချိန်ထိပဲ ပစ်လိုက် နားလိုက်နဲ့ သေနတ်သံတွေရော လက်နက်ကြီးသံတွေပါကြားနေရတယ်” ဟု သူကပြောသည်။
ဟိုပင်မြို့ မည်သည့်နေရာတွင် ပစ်ခတ်မှုဖြစ်ပွားနေသည်ကို The 74 media မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

မိုးညှင်းခရိုင် ဟိုပင်မြို့အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်မှ တပ်ရင်း ၄၀၊ ခမရ ၃၈၈ နှင့် ခမရ ၃၈၉ တပ်စခန်းများရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ