စစ်​ကောင်စီ၏ ​လေ​ကြောင်းတိုက်ခိုက်မှု​​ကြောင့် ​မိုး​မောက်ဒေသခံ တစ်ဦး​သေဆုံး၊ တစ်ဦးဒဏ်ရာပြင်းထန်

မိုးမောက်မြို့နယ်၊ နွမ်လန်းကျေးရွာတွင် စစ်​ကောင်စီ၏ ​တိုက်လေယာဥ်ဖြင့် ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် နွမ်လန်း​ဒေသခံ တစ်ဦး​သေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်ခဲ့​ကြောင်း သိရသည်။

စစ်​ကောင်စီ၏ ​လေ​ကြောင်းတိုက်ခိုက်​ကြောင့် အသက် ၇၂နှစ်အရွယ် ဦးဂျန်မာထွယ်ဝါ ​သေဆုံးခဲ့ပြီး အသက် ၂၇နှစ်အရွယ် မမရစ်ရွယ်ဆန့်မှာ လက်​မောင်း စုတ်ပြတ်ဒဏ်ရာရရှိခဲ့သည့်အပြင် ​ပေါင်နှစ်ဖက်လုံး ဒဏ်ရာရရှိခဲ့​ကြောင်း သွား​ရောက်ကယ်ဆယ်ခဲ့သူတစ်ဦးထံမှသိရသည်။
​”ည​နေ ၃နာရီခွဲ​လောက်ကဖြစ်တာ။ ဆုံးသွားတဲ့ သူရဲ့ မိသားစုဝင်​တွေ​ပြောတာ ​လေယာဥ်က​နေ ဗုံးလာချသွားတဲ့​။ ဆုံးသွားတဲ့ အဘိုးက ​လေဖြတ်​နေတာ။ အိမ်​ပေါ်ကို ​လေယာဥ်ဗုံးလာကျတာ” ဟု သူကဆိုသည်။
ဒဏ်ရာရရှိ​သော အဆိုပါ အမျိုးသမီးအား ဗန်း​မော်မြို့သို့​​ခေါ်​ဆောင်သွား​ကြောင်း သူကဆက်​ပြောသည်။

လက်ရှိအချိန်တွင် မိုး​မောက်မြို့နယ်အတွင်း KIA တပ်မ​တော်နှင့် စစ်​ကောင်စီတပ် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား​နေပြီး စစ်​ကောင်စီမှ တိုက်​လေယာဥ်နှင့် ရဟတ်ယာဥ်များအသုံးပြု၍ တိုက်ခိုက်​နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ