ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စက်သုံးဆီများ ပျက်တောက်လုနီးပါးဖြစ်နေပြီး ဆီစျေးနှုန်းများ တစ်ဟုန်ထိုး တိုးမြှင့်လာကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ တစ်နေ့အတွင်းမှာပင် ဓာတ်ဆီစျေးမှာ တစ်ဟုန်ထိုး တိုးမြင့်လာကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ဒီနေ့သွားဝယ်တာ တစ်ဂါလံကို ၅၀၀၀ ပေးရတယ်၊ ဒီညနေပြန်သွားဝယ်တော့ တစ်ဂါလံကို ၈၀၀၀ ဖြစ်နေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ အောက်ပိုင်းတွင် လမ်းများပျက်နေခြင်းနှင့် စစ်ကောင်စီများမှ စက်သုံးဆီယာဥ်များအား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခြင်းကြောင့် ဓာတ်ဆီစျေးများ တိုးမြင့်လာရခြင်းဖြစ်ကြောင်း ဓာတ်ဆီဆိုင်များနှင့် ဒေသခံများက သိထားကြောင်း သူကဆက်ပြောသည်။
အချို့ဆီဆိုင်များမှာမှု ယခုလ ၂၄ရက်နေ့က နောက်ဆုံးဝင်လာသော ဆီလက်ကျန်များဖြစ်ကြောင်း နောက်ထပ် ဒေသခံတစ်ဦးကဆိုသည်။
“မွန်းစက်သုံးစီရောင်း၀ယ်ရေးက ပြောတာတော့ ဆီက ၂၄ရက်နေ့ကနောက်ဆုံး၀င်တာပါတဲ့။ အခုရောင်းနေတဲ့ဆီတွေကလက်ကျန်ဆီတွေတဲ့”ဟုပြောသည်။
ယနေ့တွင် စက်သုံးဆီဆိုင်များတွင် လူအမြောက်အများက လာရောက်ဝယ်ယူခဲ့ပြီး လူတစ်ဦးလျှင် ၃ ဂါလံစီသာ ရောင်းပေးခဲ့ပြီး အချို့ ဓာတ်ဆီဆိုင်များပိတ်သိမ်းသွားပြီဖြစ်ကြောင်းသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ