မြစ်ကြီးနားမြို့က သစ်သီးတန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ မြို့မရဲစခန်းအနောက်ဘက်ခြမ်းရှိ သစ်သီးစျေးဆိုင်တန်းများအားလုံးကို စစ်​ကောင်စီအဖွဲ့ဝင်ရဲများက အမြန်ဆုံးပြောင်းရွှေ့ခိုင်းထားကြောင်း စျေးသည်များထံမှ သိရသည်။

စျေးဆိုင်ပေါင်း ၃၀ ကျော်ခန့်ရှိသည့် အဆိုပါ သစ်သီးတန်းရှိ ဆိုင်ပိုင်ရှင်များကို ဧပြီလ ၃၀ရက်​နေ့ ​​​​​နောက်ဆုံးပြောင်း​ရွှေ့​​ပေးရန် ရဲတပ်ဖွဲ့က စာထုတ်ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ထိုသစ်သီးတန်းမှတဆင့် ရဲစခန်းအုတ်တံတိုင်း ခြံစည်းရိုးမှ အမည်မသိအမျိုးသားလူစိမ်းတစ်ဦး ဝင်ရောက်လာခြင်းကြောင့် ပြောင်းရွှေ့ခိုင်းထားခြင်းဖြစ်သည်ဟု စျေးသည်တစ်ဦးက The 74 Media ကို ပြောသည်။
“ရဲစခန်းအနောက်ဘက် အသီးတန်းကနေ ရဲစခန်းကိုအမျိုးသားတစ်ယောက်က ဝင်လို့တဲ့၊ မနက်ဖြန်အပြီးပြောင်းရွှေ့ပေးရမှာ” ဟု ပြောသည်။
စျေးဆိုင်တန်းများကို မည်သည့်နေရာတွင် ပြန်လည် ဖွင့်ခွင့်ရမည်ကိုတော့ မသိသေးကြောင်း သူကဆက်ပြောသည်။

မြစ်ကြီးနားမြို့တွင် သစ်သီးမျိုးစုံရောင်းချနေသည့် သစ်သီးတန်းအများအပြားရှိသော်လည်း အမှတ် ၁ ရဲစခန်းနောက်မှ သစ်သီးတန်းသည် ဝယ်ယူသူအများဆုံးရှိသည့် သစ်သီးတန်းတစ်ခုဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ