News

ဖားကန့် မြို့နယ်ရှိ ကျောက်စိမ်းမှော်အချို့တွင် ကုမ္ပဏီစောင့် ရဲတပ်ဖွဲ့များထွက်ပြေ

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မဇွပ်ယန်မှော်၊ ဆန်ခါမှော်၊ ကုဋေမှော် နှင့် ဖဝါမှော်များရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအချို့အား လုံခြုံရေးစောင့်ကြပ်ပေးသော ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသည်ဟု လုံးခင်းဒေသခံများထံမှသိရသည်။

အာဇာနည်ကိုမျိုးမင်းသူမိသားစုနှင့် အခြားထိခိုက်နစ်နာသူများကို နွေဦးတော်လှန်ရေးပရဟိတအလှူငွေများ ပေးအပ်

ရမ်ပူ ပစ်ခတ်မှုတွင် ကျဆုံးသွားသောအာဇာနည်ကိုမျိုးမင်းသူ၊ စစ်ကောင်စီတပ်က မီးရှို့သဖြင့် မီးဘေးသင့်ခဲ့ရသည့် ပြည်သူသုံးဦးနှင့် ကျည်ထိမှန်ဒဏ်ရာရရှိသူနှစ်ဦးတို့ကို ယနေ့နေ့လယ်က နွေဦးတော်လှန်ရေးပရဟိတအလှူငွေများ သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

ကြက်ပေါင်ခြံရပ်ကွက် နေအိမ်တန်းလျားတွင် ဖမ်းဆီးခံခဲ့ရသည့် မအေးမြတ်မွန်အား အကျဉ်းထောင်ပို့၊ မိသားစုနှင့်တွေ့ခွင့်မပေး

မြစ်ကြီးနား ကြက်ပေါင်ခြံရပ်ကွက်ရှိ အိမ်တန်းလျားတွင် မတ်လ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြမ်းဖက်ဝင်ရောက်စစ်ဆေးပြီး ဖုန်းနှင့်အတူဖမ်းဆီးခဲ့သည့် မအေးမြတ်မွန်ကို ယမန်နေ့ ဧပြီလ ၂ ရက်နေ့က မြစ်ကြီးနားအကျဉ်းထောင်သို့...

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကေအိုင်အေနှင့်ပူးပေါင်းနိုင်ကြောင်း ထုတ်ပြန်စာထွက်ပေါ်

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ကေအိုင်အေနှင့် ပူးပေါင်းလိုပါက နိုင်ငံတကာစည်းမျဉ်းများအတိုင်း လက်ခံသွားမည်ဟု ရေးသားဖော်ပြထားသည့် ထုတ်ပြန်စာတစ်စောင် ထွက်ပေါ်လာသည်။