News

ဗန်းမော်မြို့တွင် ဆရာဝန်တစ်ဦး ဖမ်းခံရ

ဗန်းမော်မြို့ရှိ Ocean Mobile Mart ပိုင်ရှင် ဒေါက်တာအောင်ပြည့်စုံကို ယမန်နေ့ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသည်ဟု သိရသည်။ ဆက်လက်ဖော်ပြပါမည်။

မြစ်ကြီးနားအ​ထွေ​ထွေသပိတ် ဖြိုခွင်းခံရ၊ ဖမ်းဆီးခံရသူများလည်းရှိ

မြစ်ကြီးနားမြို့ ၊တပ်ကုန်းရပ်ကွက်၊ ရာဒါ​ကောင်းတွင်ပြုလုပ်ခဲ့​သော စစ်အာဏာရှင်ဆန့်ကျင်​ရေး အ​ထွေ​ထွေသပိတ်သည် ၁၀နာရီ ၃၅မိနစ်ခန့်က ဖြိုခွင်းခံလိုက်သည်။ ထို့သို့ ဖြိုခွင်းချိန်တွင် ဖမ်းဆီးခံလိုက်ရသူများလည်းရှိခဲ့သည်။ မည်မျှ ဖမ်းဆီးခံလိုက်ရသည်ကို 74 media...

မိုးမောက်မြို့နယ်တွင် ပစ်ခတ်သံများ ကြားနေရဆဲ မိုးမောက်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်တွင် ယခုအချိန်ထိ သေနတ်ပစ်ခတ်သံများကြားနေရသေးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သံများဆက်လက် ကြားနေရသည်ဟု သိရသည်။

မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရ

မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက် လမ်းသွယ် ၂၄ တွင် ယနေ့ညနေ ၈ နာရီ ဆယ်မိနစ်ခန့်တွင် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရသည်ဟု သိရသည်။

မိုးမောက်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ ည ၇ နာရီခွဲအထိ လက်နက်ကြီးဖြင့် ပစ်ခတ်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ကေအိုင်အေနှင့် စစ်ကောင်စီ တပ်ဖွဲ့များအကြား ယနေ့ညနေပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

မြစ်ကြီးနားဂျာနယ်မှ အမျိုးသမီးသတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်မှ အကြီးတန်းသတင်းထောက် မမျိုးမြတ်မြတ်ပန်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ညနေ ၆ နာရီခန့်တွင် နေအိမ်မှ လာရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။