News

မိုးမောက်မြို့နယ် မြို့သစ်တွင် စစ်ကောင်စီတပ်ဖွဲ့များ ရမ်းတမ်းပစ်ခတ်ခဲ့သဖြင့် လူနေအိမ်များတွင် ဗုံးသီးကျရောက်

မိုးမောက်မြို့နယ် မြို့သစ်တွင် စစ်ကောင်စီတပ်ဖွဲ့များ ရမ်းတမ်းပစ်ခတ်ခဲ့သဖြင့် လူနေအိမ်များတွင် ဗုံးသီးများ ကျရောက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရသည်။ ဓာတ်ပုံများတွင် မပေါက်ကွဲသေးသည့် ဗုံးသီးများနှင့် နေအိမ်များ၏ ထိခိုက်ပျက်စီးမှုများကို တွေ့ရသည်။

မိုးညှင်းမြို့ခံများ၏ တော်လှန်သင်္ကြန် အကြတ်နေ့

မိုးညှင်းမြို့ခံများ ပျော်စရာမဟုတ်တဲ့တော်လှန်သင်္ကြန် အကြတ်နေ့တွင် ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ပြီး ပြည်သူများထောက်ခံဝန်းရံခဲ့ကြသည်။  

စစ်ကောင်စီက ဗန်းမော်​ဆေးရုံမှ CDM ဆရာဝန် ၄ ဦးကို ပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့်

စစ်အာဏာသိမ်းကောင်စီက မြန်မာနိုင်ငံအနှံ့အပြားရှိ CDM ဆရာဝန် ၂၀ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားရာ ဗန်းမော်ပြည်သူ့ဆေးရုံမှ ဆရာဝန် ၄ ဦးပါဝင်သည်။