CDM ဆရာဝန် ၄ ဦးကို ပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့်

စစ်အာဏာသိမ်းကောင်စီက မြန်မာနိုင်ငံအနှံ့အပြားရှိ CDM ဆရာဝန် ၂၀ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားရာ ဗန်းမော်ပြည်သူ့ဆေးရုံမှ ဆရာဝန် ၄ ဦးပါဝင်သည်။

ဗန်းမော်ပြည်သူ့ဆေးရုံမှ ဒေါက်တာအောင်ထွန်းဝင်း (အထူးကု)၊ ဒေါက်တာဂမ်မင်းထက် (အထူးကု)၊ ဒေါက်တာလျန်လင်းထွေး (အထူးကု)နှင့် ဒေါက်တာဗညား (အထူးကု) တို့ကို အမှုဖွင့်ထားသည်ဟု ယနေ့ ဧပြီ ၁၅ ရက်ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဗန်းမော်မြို့ရှိ Ocean Mobile Mart ပိုင်ရှင် ဒေါက်တာအောင်ပြည့်စုံကို ယမန်နေ့ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခဲ့သေးသည်။

သင့်ထင်မြင်ချက်ရေးပေးပါ