စစ်ကောင်စီတပ်များက မိုးမောက်မြို့နယ်မှ ကေအိုင်အေရှိသည့်ဘက်သို့ လက်နက်ကြီးဖြင့် ယနေ့ည ဆက်တိုက်ပစ်ခတ်နေ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်တွင် ယခုအချိန်ထိ သေနတ်ပစ်ခတ်သံများကြားနေရသေးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သံများဆက်လက် ကြားနေရသည်ဟု သိရသည်။

မိုးမောက်မြို့နယ် မင်းကုန်းဘက်တွင်လည်းလေယာဉ်ပျံဝဲနေပြီး မြို့သစ်ကုန်းလော ရှိ ခမ၄၃၇ နှင့် ဗန်းမော်၃မိုင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ခမရ ၄၃၇ နဲ့ ဗန်းမော်၃မိုင်တပ်က မြို့သစ်ကုန်းလောကို လက်နက်ကြီးနဲ့ပစ်တာ ၃ ချက်ပစ်လိုက်ပြီး မြို့သစ်နှင့်စီဟက်ကပြည်သူတချို့ကစီကော၊ မန်နောင်နဲ့ ဘုန်းကြီးကျောင်းကိုထွက်ပြေးနေရတယ်” ဟု သူကပြောသည်။

ထို့ပြင် မိုးမောက်မြို့နယ် မြို့သစ်ရွာနှင့် စီဟက်ရွာတွင် စစ်ကောင်စီမှ ယနေ့မတ်လ ၁၄ရက် ညနေ ၅နာရီခွဲခန့်အချိန်တွင် လေယာဉ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံများ ဘုန်းကြီးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

မိုးမောက်မြို့နယ် မြို့သစ်တွင် ယနေ့နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ လေယာဉ် ရဟတ်ယာဉ်နှင့် အမြောက်များအသုံးပြုကာ အပြတ်အသတ်ထိုးစစ်ဆင်နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *