Photos

ပူတာအိုမြို့နယ်စည်ပင်ဝန်ထမ်းများက အိမ်ခွန်အတင်းအကြပ်ကောက်ခံနေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကောင်ကထောင်ရပ်ကွက်တွင် အိမ်ခွန်များကို ၁၀ ရက်အတွင်းပေးဆောင်ရမည်ဟု လိုက်လံကောက်ခံနေကြောင်းသိရသည်။

ဂန့်ဂေါတွင် စစ်ကောင်စီနှင့် PDF အဖွဲ့တိုက်ပွဲပြင်းထန်၊ နှစ်ဘက်အကျအဆုံးရှိ

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်မှ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ၏ နေအိမ်များကို...

ဂန့်ဂေါမြို့နယ်အတွင်းရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာနှင့် သာလင်းကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်မှ စတင်ကာ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပူတာအို လုံရှာယန်ကျေးရွာတွင် တောင်ယာစပါးများကို ကျိုင်းကောင်များ ဖျက်ဆီးခဲ့သဖြင့် ဒေသခံများ အခက်ကြုံ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာရှိ တောင်ယာစပါးနှင့် သစ်သီးပင်များကို ဩဂုတ်လမှ စတင်၍ ကျိုင်းကောင်ဖျက်ဆီးနေသဖြင့် ဒေသခံများစပါးရိတ်သိမ်းစရာ မကျန်သည်အထိ ကြုံတွေ့နေရသည်ဟု သိရသည်။

မြစ်ကြီးနား မော်ဖောင်းရပ်ကွက်မှ ဧပြီလအတွင်း လက်နက်ကြီးစထိမှန်ခဲ့သည့် အမျိုးသားကွယ်လွန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မော်ဖောင်းရပ်ကွက်တွင် ဧပြီလအတွင်း လက်နက်ကြီးစထိမှန်ခဲ့သည့် အမျိုးသား ရရှိထားသည့်ဒဏ်ရာကြောင့် ယမန်နေ့က ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။

တန့်ဆည်မြို့ သစ္စေးပင်လှကျေးရွာရှိ မိုင်တဲ (Mytel) တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ သစ္စေးပင်လှကျေးရွာ အနောက်ဘက်ရှိ မိုင်တဲ (Mytel) တာဝါတိုင် ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့ညက ဖောက်ခွဲဖျက်ဆီးခံရကြောင်း သိရသည်။

မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂထုတ်ပြန်

ကျောင်းသားထုမှ အာဏာရှင်၏ ထောက်တိုင်များအား ဖြိုဖျက်ကြရန်နှင့် တော်လှန်ရေးတွင် မိမိတတ်နိုင်သည့် ဘက်မှပါဝင်သွားမည်ဟု မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂထုတ်ပြန်  

ပူတာအိုတွင် ပြည်သူပိုင်မြေယာအချို့ကို လမ်းဖောက်လုပ်ရန် စစ်ကောင်စီ စီစဉ်နေ

ကချင်ပြည်နယ် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နှင့် လေယာဉ်ကွင်းရပ်ကွက်ကြားရှိ ဒေသခံပြည်သူများ၏ လယ်ယာမြေများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ညှိနှိုင်းခြင်းမရှိပဲ လမ်းဖောက်လုပ်ရန် ပြုလုပ်နေကြောင်း သိရသည်။

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈၀ ခန့်သေဆုံးကြောင်း NUG ထုတ်ပြန်

မြန်မာနိုင်ငံနှံ့တွင် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပဋိပက္ခများတွင် စစ်ကောင်စီ ၅၈၀ ခန့်သေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် စက်တင်ဘာ ၇ ရက်နေ့မှ စတင်ကာ မီးပြတ်မည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စက်တင်ဘာ ၇ ရက်နေ့မှစတင်ပြီး ဓာတ်အားစနစ်တိုးတက်ရေးအတွက် နှစ်ထပ်လိုင်းအဆင့်မြှင့်တင်ခြင်းပြုလုပ်မည်ဖြစ်သဖြင့် ရပ်ကွက်တချို့တွင် ဓာတ်အားလိုင်းဖြတ်တောက်မည်ဟု သိရသည်။