စစ်ကောင်စီတပ်ဖွဲ့များက တန့်ဆည်မြို့နယ်အတွင်း နေအိမ်များကို ဖျက်ဆီ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကပေါင်းကျကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း တပ်စွဲကာ ဒေသခံများ၏ နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မင်းတပ်တွင် စစ်ကောင်စီတပ်များ ဘုရားကျောင်းရှိ ပစ္စည်းများခိုးယူ
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ချပ်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ ရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်များမှ အသုံးအဆောင်ပစ္စည်းများနှင့် ကက်သလစ်ဘုရားကျောင်းအတွင်းမှ ဘုရားပစ္စည်းများအား ခိုးယူ၊ ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ဆုကြေးငွေတိုးမြှင့် ခွဲဝေပေးမည်ဟု ကြေညာထားသော်လည်း အောင်ဘာလေထီ ရောင်းအားဆက်လက်ကျဆင်း
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဇူလိုင်လအတွင်း အောင်ဘာလေထီများ ရောင်းအားအနည်းဆုံးသို့ကျဆင်းသွားသဖြင့် ဆုကြေးငွေတိုးမြှင့် ခွဲဝေပေးမည်ဟု စစ်ကောင်စီက ကြေညာခဲ့သော်လည်း ထီစောင်ရေရောင်းချရမှု ဆက်လက်ကျဆင်းသွားကြောင်းသိရသည်။
ဪ …… အဲ့လိုလား
ကာတွန်း – နာနတ်သီး
KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် ကိုဗစ် ထိန်းချုပ်နိုင်ပြီ
ကချင်လွတ်လပ်ရေးတပ် KIA/KIO အဖွဲ့ထိန်းချုပ်နယ်မြေရှိ မိုင်ဂျာယန်မြို့တွင် ကိုဗစ်- ၁၉ ကူးစက် ရောဂါကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ထံမှသိရသည်။
မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်တွင် သိန်းတစ်ထောင့်သုံးရာကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်တွင် ဩဂုတ်လ ၂၈ ရက်နေ့က သိန်းတစ်ထောင့်သုံးရာကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကောလင်းတွင် စစ်ကောင်စီတပ်၏ စစ်ကားငါးစီးကို PDF များမိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်များအကျအဆုံးများနိုင်ကြောင်း ဒေသခံများပြော
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ပဒုမ္မာရွာနှင့် ကျွန်းတောရွာကြား ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်တွင် ယနေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီယာဉ် ၅ စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း...
ရှင်ဗွေယန်မြို့နယ် တခက်ကျေးရွာတွင် ကျွဲများ အမည်မသိရောဂါဖြင့် သေဆုံးနေ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ရှိ တခက်ကျေးရွာတွင် ဩဂုတ်လ ၂၅ ရက်နေ့မှစတင်ကာ အမည်မသိရောဂါကြောင့် ကျွဲများ ပါးစပ်မှ အမြုပ်ထွက်ကာ သေဆုံးနေကြောင်းသိရသည်။
မုံးကိုးမြို့နယ်တိုက်ပွဲတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ပြည်သူများ အစားအစာနှင့်ဆေးဝါး အခက်အခဲဖြစ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်၊ ကောင်းလုံကျေးရွာနှင့် နမ့်ဖာကျေးရွာတွင် ဩဂုတ်လ ၂၈ ရက်နေ့မှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူ ၆၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လတ်တလောတွင် ဆေးဝါးနှင့် အစားအသာက်များ အခက်အခဲဖြစ်နေကြောင်း...
တပ်ရင်းမှူးအပါအဝင် စစ်သည်အများအပြား သေဆုံးခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးတိုက်ပွဲ
ဩဂုတ်လ ၂၈ရက်နေ့က တပ်ရင်းမှူးအပါအဝင် စစ်သည်အများအပြား သေဆုံးခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးတိုက်ပွဲအတွင်း သိမ်းဆည်းရမိသော စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကိုတွေ့ရစဥ်။