ဆုကြေးငွေတိုးမြှင့် ခွဲဝေပေးမည်ဟု ကြေညာထားသော်လည်း အောင်ဘာလေထီ ရောင်းအားဆက်လက်ကျဆင်း
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဇူလိုင်လအတွင်း အောင်ဘာလေထီများ ရောင်းအားအနည်းဆုံးသို့ကျဆင်းသွားသဖြင့် ဆုကြေးငွေတိုးမြှင့် ခွဲဝေပေးမည်ဟု စစ်ကောင်စီက ကြေညာခဲ့သော်လည်း ထီစောင်ရေရောင်းချရမှု ဆက်လက်ကျဆင်းသွားကြောင်းသိရသည်။

ဆုကြေးငွေတိုးမြှင့် ခွဲဝေပေးမည်ဟု ကြေညာထားသော်လည်း အောင်ဘာလေထီ ရောင်းအားဆက်လက်ကျဆင်း

 

အောင်ဘာလေသိန်းဆုဌာနခွဲ၏ ကြေညာချက်အရ ဇူလိုင်လအတွင်း ထီစောင်ရေ (၁၄၅,၆၁၅) (ရောင်းရငွေ ၁၄၅၆.၁၅၀ ကျပ်) ရောင်းချခဲ့ရပြီး ဩဂုတ်လအတွင်း ထီစောင်ရေ (၁၂၄,၀၇၉) (ရောင်းရငွေ စုစုပေါင်း ကျပ်သန်း ၁၂၄၀.၇၉၀) ရှိခဲ့သဖြင့် ထီလက်မှတ်စောင်ရေ ရောင်းချရမှု စံချိန်တင် ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
ယခုလအတွင်း ထီလက်မှတ်ရောင်းချငွေ၏ ၇၀% ကို ထီဆုခွဲဝေပေးမည်ဟု ကြေညာခဲ့သော်လည်း ထီရောင်းအား ဆက်လက်ကျဆင်းခဲ့ခြင်းဖြစ်သည်။
(၃၀) ကြိမ်မြောက် ကျပ် ၁၀၀၀တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို စက်တင်ဘာလ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အထူးဆုကြီးအဖြစ် ငွေကျပ်သိန်းငါးထောင်တစ်ဆု၊ သိန်းငါးရာနှစ်ဆု၊ သိန်းနှစ်ရာနှစ်ဆု၊ သိန်းတစ်ရာလေးဆု၊ သိန်းငါးဆယ်လေးဆု၊ သိန်းနှစ်ဆယ်ခြောက်ဆု ၊ ကျပ်ဆယ်သိန်း ခုနှစ်ဆု ပါဝင်ပြီး ဝေဝေဆာဆာ ပဒေသာဆု၊ ဘဏ္ဍာသိမ်းရငွေမှ ချီးမြင့်မည့်ဆုမျာလည်းပါဝင်သည်။
ထီလက်မှတ်ရောင်းချရငွေများမှာ ၂၉ ကြိမ်မြောက်တွင် ကျပ်သန်း (၁၄၅၆.၁၅၀)၊ ၂၈ ကြိမ်မြောက်တွင် ကျပ်သန်း (၂၀၄၄.၄၃၀)၊ ၂၇ ကြိမ်မြောက်တွင် ကျပ်သန်း (၂၆၂၃.၃၄၀)၊ ၂၆ ကြိမ်မြောက်တွင် ကျပ်သန်း (၂၀၅၃.၄၈၀) နှင့် ၂၅ ကြိမ်မြောက်တွင် ကျပ်သန်း (၃၀၉၉၉.၆၅၀) ရရှိခဲ့သည်။
အောင်ဘာလီထီ ရောင်းအားကျနေသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အောင်လံလွှင့်ချီနွေဦးထီကို တစ်စောင်ကို နှစ်ထောင်ကျပ်နှုန်း ဆယ်စောင်တွဲထီအဖြစ် အွန်လိုင်းမှတဆင့် စတင်ရောင်းချခဲ့ပြီး ငါးရက်တာအတွင်း ထီလက်မှတ်ပေါင်း နှစ်သိန်းခွဲအထိ ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။
နွေဦးထီ ရောင်းရငွေမှရရှိလာသော ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းများကို ထောက်ပံသွားမည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ခွဲဝေပေးသွားမည်ဖြစ်ကြောင်း NUG အစိုးရက ကြေညာထားသည်။
သင့်ထင်မြင်ချက်ရေးပေးပါ