မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်တွင် သိန်းတစ်ထောင့်သုံးရာကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်တွင် ဩဂုတ်လ ၂၈ ရက်နေ့က သိန်းတစ်ထောင့်သုံးရာကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်တွင် သိန်းတစ်ထောင့်သုံးရာကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

အဆိုပါ မူးယစ်ဆေးဝါးများကို စက်မှုရပ်ကွက် ကျောက်မျက် ရတနာခန်းမရှေ့၊ ကျောက်ဝိုင်းသွားလမ်းပေါ်တွင် ကိုနော်နန် မောင်းနှင်လာသော WISH အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးချိန်တွင် ယာဉ်နောက်ခန်းအတွင်းရှိ ခရီးဆောင်အိတ်အတွင်းမှ ဘိန်းဖြူ ၂.ဝ၉ ကီလိုကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသည့် အသက် ၂၇နှစ်အရွယ် ကိုနော်နန်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပေဒေနှင့် အရေးယူထားကြောင်းသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ