Multimedia

ဒေ့ါဖုန်းယန်မြို့တွင် စစ်ကောင်စီရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် လူနေအိမ်အချို့ပျက်စီး

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၂ ရက်နေ့ ည ၉ နာရီခွဲခန့်၌ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲချိန် လက်နက်ကြီးစထိမှန်၍ ကျွဲများသေဆုံးပြီး လူနေအိမ်အချို့...

ဝိုင်းမော်မြို့ လော်ဝေါ် နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဝင်းရှိ စစ်ဘေးရှောင်ပြည်သူများ နေရာထိုင်ခင်း အခက်အခဲဖြစ်နေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ခ.လ.ရ ၅၈ တပ်အနီးရှိ မဒိန်၊ ခါ့ကွမ်နှင့် လဘန်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်နေသူများ နေရာထိုင်ခင်းအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ခ.လ.ရ (၅၈) ရမ်းသမ်းပစ်ခတ်လေ့ရှိသည့် ကျေးရွာများမှ ဒေသခံများ၏ ဝက်များကို အမြန် ရောင်းချနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ခ.လ.ရ (၅)၈ တပ်က ရမ်းသမ်း ပစ်ခတ်မှုကြောင့် လက်နက်ကြီးမကြာခဏ ကျရောက်လေ့ရှိသည့် မဒိန်ကျေးရွာနှင့် ခါ့ကွမ်ရပ်ကွက်မှ ဝက်များကို ရောင်းချနေကြကြောင်း သိရသည်။

တန့်ဆည်တွင် ပြည်သူ ၁၂ ဦးကို PDF ယောင်ဆောင်ထားသည့် စစ်ကောင်စီများ ဖမ်းဆီး၊ ပြည်သူ့အချို့ပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ လိပ်ခြံကျေးရွာတွင် ဩဂုတ်လ ၃၁ ရက်နေ့၌ ရွာအတွင်း ပစ္စည်းယူရန် ပြန်လာသည့် ပြည်သူ ၁၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရပ်ဝတ်ဖြင့် PDF...

စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော တန့်ဆည်မြို့နယ် ကျေးရွာနှစ်ရွာမှ ဒေသခံများ စားနပ်ရိက္ခာနှင့်ဆေးဝါးများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာနှင့် လိပ်ခြံကျေးရွာမှ ဒေသခံပြည်သူ ၆၀၀ ဝန်းကျင်ခန့် တိုက်ပွဲကြောင့် တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေရကြောင်း သိရသည်။

ရွှံ့ဗွက်ကြားထဲ ရုန်းကန်နေရတဲ့ ဘဝများ

မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်တွင် Toyota Pro Box ယာဉ်အမျိုးအစား ကားလေးတစ်စီး ခရီးသည် လေးဦးဖြင့် တရွေ့ရွေ့ ခရီးနှင်နေသည်။ မိုးဖွဲဖွဲကျနေပြီး လမ်းတွင်လူပြတ်သော်လည်း ယာဉ်မောင်းဖြစ်သူ ကိုဇော်အောင် (အမည်လွဲ)...

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာခဲ့သည့် မုံကိုးမြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံကိုးမြို့နယ် ဖောင်းဆိုင်ကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

စားနပ်ရိက္ခာအခက်အခဲကြောင့် ပူတာအိုမြို့နယ် တန်ဂျာဒေသခံစစ်ရှောင်အချို့ နေရပ်ပြန်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ တန်ဂျာကျေးရွာအနီးတွင် ဩဂုတ်လ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံများသည် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ ယမန်နေ့က နေရပ်ပြန်သွားကြကြောင်း သိရသည်။

ကျွဲများနေ့စဉ်သေဆုံးခဲ့သည့် ရှင်ဗွေယန်မြို့တွင် ကာကွယ်ဆေးထိုး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ရှိ တခက်ကျေးရွာတွင် လည်ချောင်းကွဲလျှာနာရောဂါကြောင့် ကျွဲများနေ့စဉ် သေဆုံးမှုရှိနေသောကြောင့် ဩဂုတ်လ ၃၁ ရက်နေ့ ညနေမှစ၍ ကျွဲများကို ကာကွယ်ဆေးထိုးကြောင်း သိရသည်။