ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့

ပူတာအိုခရိုင်တွင် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်က စစ်ဆေးရေးဂိတ်အသစ်များဆောက်လုပ်ပြီး စစ်ဆေးရေးတင်းကြပ်လာ

ခေါင်လန်ဖူးဌာနေပြည်သူ့စစ်က ယခုရက်ပိုင်းအတွင်း ပူတာအိုမြို့အတွင်း စစ်ဆေးရေးဂိတ်များဆောက်လုပ်နေပြီး နေရာအချို့တွင်နေရာယူ စစ်ဆေးမှုများပြုလုပ်လာကြောင်း သိရသည်။

ပူတာအိုတွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့များက လူသစ်စုဆောင်းပြီး စည်းရုံးမှုများရှိနေ

ပူတာအိုဒေသအတွင်း မိမိဒေသကိုကာကွယ်ရန်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့များက လူသစ်စုဆောင်းပြီး စည်းရုံးလှုံ့ဆော်မှုများရှိနေကြောင်း သိရသည်။

မချမ်းဘော့မြို့ အင်ခါဂါးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေး

ပူတာအိုမြို့နယ် မချမ်းဘော့မြို့၊ အင်ခါဂါးကျေးရွာမှ စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက KIA တပ်ဖွဲ့ပစ်ခတ်မည်ကို စိုးရိမ်ပြီး ယခုအပတ်အတွင်း စခန်းစွန့်ခွာထွက်ပြေးသွားကြောင်းသိရသည်။

ပြည်သူ့ဆန္ဒအလေးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဖြစ်စေလို

ခေါင်လန်ဖူးမြို့နယ်တွင်အခြေစိုက်သည့် ဌာနေပြည်သူ့စစ်အဖွဲ့သည် ဒေသခံ ၆ ဦးကို မဂွေဇစစ်ဆေးရေးဂိတ်တွင် ဧပြီလ (၂၂) ရက်နေ့က ဖမ်းဆီးလိုက်ပြီး နောင်မွန်မြို့နယ်ရဲစခန်းကို လွှဲပြောင်းခဲ့သည်။ ဖမ်းဆီးခံရသည့်လူငယ်များသည် တန်ဇိန်ချန်ရွာမှ နှစ်ဦး၊...