News

ရမ်ပူရပ်ကွက်တွင် ကျောင်းသားကို ဖမ်းမမိသဖြင့် အမေကိုဖမ်း

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် သားဖြစ်သူကို ဖမ်းမမိသဖြင့် အမေဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသည့်ဖြစ်ရပ် ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ဖားကန့်ဝှေခါမှော်ရှိ စစ်ကောင်စီစခန်းကို ကေအိုင်အေတိုက်ခိုက် သိမ်းပိုက်

ကချင်ပြည်နယ် ဖားကန့်ဒေသ ဝှေခါမှော်(ဟွေလုန်) တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ တပ်ရင်း ၂၆ က ဧပြီ ၂၀ ရက်မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားမျိုးထက်နိုင်လင်း အဖမ်းခံရ၊ ပင်မသပိတ်စစ်ကြောင်းတွင် ပါဝင်သူများကို လိုက်လံဖမ်းဆီးနေ

မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားကိုမျိုးထက်နိုင်လင်းကို အရပ်ဝတ်နှင့် စစ်ကောင်စီအဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ဖားကန့် အေးမြသာယာစာသင်ကျောင်းဝင်းထဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်ရှိ မူလွန်ကျောင်းဝင်းထဲတွင် ယနေ့ည ၈ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

မိုးညှင်းမြို့တွင် ပြည်သူလေးဦးကို အရပ်ဝတ်နင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွာ

ကချင်ပြည်နယ် မိုးညှင်းမြို့ ရေလယ်ကျွန်းရပ်ကွက်ရှိ ဗလီရှေ့ လက်ဖက်ရည်ဆိုင်မှ အမျိုးသား ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

စိတ်ကျန်းမာ​ရေးချို့ယွင်း​နေ​သော အမျိုးသားတစ်ဦးအား စစ်​ကောင်စီတပ်မှ ပစ်ခတ်ခဲ့​သော​ကြောင့် ဝမ်းဗိုက်တွင် ကျည်ထိမှန်

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ တကွင်းကျေးရွာတွင် စိတ်ကျန်းမာ​ရေးချို့ယွင်း​နေ​သော အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့​​သောကြောင့် ဝမ်းဗိုက်တွင် ကျည်ထိမှန်ခဲ့​ကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့် လုံးခင်းတွင် ကေအိုင်အေနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုလယ်ပြင်ကျေးရွာအနီးရှိ စက်ရုံတွင် တပ်စွဲထားသည့် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းနှင့် ကေအိုင်အေတို့အကြားတိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု သိရသည်။