ကျောင်းသားမျိုးထက်နိုင်လင်း

မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားကိုမျိုးထက်နိုင်လင်းကို အရပ်ဝတ်နှင့် စစ်ကောင်စီအဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ကိုမျိုးထက်နိုင်လင်းကို ယနေ့နံနက်အစောပိုင်းတွင် အရပ်ဝတ်နှင့် လူတစ်စုက ဝင်ရောက်ဖမ်းဆီးသွားသည်ဟု သူနှင့်နီးစပ်သူတစ်ဦးက အတည်ပြုသည်။
“ဒီမနက်ခြောက်ခွဲက ခေါ်သွားတာ ပြီးတော့ ပင်မသပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ လူငယ်တွေကိုလဲ လိုက်ရှာနေလို့ ကျွန်တော်တို့လဲ ရှောင်နေရတယ်” ဟုပြောသည်။

ဖမ်းဆီးခံရသည့် ကိုမျိုးထက်နိုင်လင်းသည် ပင်မသပိတ်တွင် ပါဝင်နေသူဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ