ကေအိုင်အေ (kia)

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုလယ်ပြင်ကျေးရွာအနီးရှိ စက်ရုံတွင် တပ်စွဲထားသည့် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းနှင့် ကေအိုင်အေတို့အကြားတိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု သိရသည်။

ယနေ့ည ၈ နာရီခန့်တွင် တိုက်ပွဲစတင်ဖြစ်ပွါးခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ကြာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“လယ်ပြင်နားမှာ ပစ်ကြခတ်ကြတာ မိနစ် ၂၀ လောက်ကြာတယ်၊ အဲက စက်ရုံနားမှာဖြစ်တာလို့ သိရတယ်” ဟုပြောသည်။

ဖားကန်မြို့နယ်သည် ကေအိုင်အေနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲအများဆုံးဖြစ်ပွါးရာ ဒေသတစ်ခုဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ