Breaking News 47 Media

ကချင်ပြည်နယ် မိုးညှင်းမြို့ ရေလယ်ကျွန်းရပ်ကွက်ရှိ ဗလီရှေ့ လက်ဖက်ရည်ဆိုင်မှ အမျိုးသား ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီလ ၂၀ ရက်နေ့ ည ၁၀ နာရီခန့်တွင် အရပ်ဝတ် အိမ်စီးကားများနှင့် လာရောက်ကာ ဆိုင်မှ အမျိုးသား လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။
“အရပ်ဝတ်နဲ့ လာတယ် သေနတ်လည်း တစ်ချက်ဖောက်သွားတယ် အိမ်စီးကားအဖြူ‌တွေစီးလာတာ၊ ဆိုင်က ကားလည်း ယူသွားတယ်လို့ ပြောတယ်၊ အော်ဟောက်ဆဲဆို သံတော့ ရပ်ကွက်ထဲကလဲ ကြား‌ရတယ်” ဟုပြောသည်။
ဖမ်းဆီးခံရသူ ၄ ဦးမှာ ဆိုင်ရှင်အမျိုးသား၊ ဆိုင်ရှင်၏ သားနှစ်ဦးနှင့် တူ တော်စပ်သူ တစ်ဦး ဖြစ်ကြောင်း ကနဦး သိရသည်။

ဖမ်းဆီးခံရသည့် အကြောင်းအရင်းကို The 74 media မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

သင့်ထင်မြင်ချက်ရေးပေးပါ