Month: July 2021

မိုးကောင်းမြို့မှ ကိုဗစ်၁၉ လူနာတစ်ဦးသေဆုံး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ မိုးကောင်းဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်၁၉ ပိုးတွေ့လူနာအမျိုးသားတစ်ဦး ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် သေဆုံးသွားသည်ဟု သိရသည်။

ဝိုင်းမော်မြို့ အောင်မြေ (၁) ကျေးရွာအနီး လက်နက်ကြီးနှင့် သေနတ်သံများ ကြားနေရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာတွင် ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ ည ၈နာရီ ၁၀ မိနစ်အချိန်မှစတင်ကာ စစ်ကောင်စီ၏ စခန်းအနီးတွင်...

မြစ်ကြီးနားမြို့ အကျဉ်းထောင်ဝန်ထမ်းအချို့နှင့် အကျဉ်းသားအချို့တွင် ကိုဗစ်၁၉ ပိုးတွေ့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အကျဉ်းထောင်မှ ဝန်ထမ်းအချို့နှင့် အကျဉ်းသားအချို့တွင် ကိုဗစ်၁၉ ပိုးတွေ့ရှိကြောင်း သိရသည်။

ဖားကန့် နမ့်မှော်ကျေးရွာတွင် ရေမဆေးရှာဖွေသူအမျိုးသားတစ်ဦး ကမ်းပါးပေါ်မှ ပြုတ်ကျသေဆုံး

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာ ဧရိယာ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက် တွင် ယနေ့ဇူလိုင်လ ၁၁ ရက်နေ့၊ နေ့လယ် ၁၀ နာရီခွဲခန့်တွင် အမျိုးသားတစ်ဦး ကမ်းပါးပေါ်မှပြုတ်ကျ သေဆုံးခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံက ငှက်ပျောကားများဝင်ခွင့် ပိတ်ပင်လိုက်သဖြင့် လွယ်ဂျယ်တွင် ငှက်ပျောတင်သည့်ကားများ ရာချီ ပိတ်မိနေ

ကချင်ပြည်နယ်ရှိ ငှက်ပျောခြံများမှ ငှက်ပျော်သီးများတင်ဆောင်လာသည့် ကုန်တင်ကားများကို ဇူလိုင် ၇ ရက်မှ စတင်ကာ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ခွင့်ပိတ်လိုက်သဖြင့် လွယ်ဂျယ်မြို့တွင် ငှက်ပျောကားများ ရာနှင့်ချီပိတ်မိနေသည်ဟု လွယ်ဂျယ်ဒေသခံများထံမှ သိရသည်။