COVID-19 Update

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အကျဉ်းထောင်မှ ဝန်ထမ်းအချို့နှင့် အကျဉ်းသားအချို့တွင် ကိုဗစ်၁၉ ပိုးတွေ့ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှ ရဲဝန်ထမ်းများ ကိုဗစ်၁၉ကူးစက်ခံရသဖြင့် အကျဉ်းထောင်ဝန်ထမ်းနှင့် အကျဉ်းသားအချို့ကိုဆေးစစ်ရာမှ ကိုဗစ်၁၉ ကူးစက်ခံရသူများကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ရဲတွေကို ကိုဗစ် ကူးလို့ ထောင်က ဝန်ထမ်းနဲ့ အကျဉ်းသားတချို့ကို ဆေးစစ်လိုက်တာ ဝန်ထမ်းရော အကျဉ်းသားရော ပိုးတွေ့တယ်” ဟု ပြောသည်။
အကျဉ်းထောင်ဝန်ထမ်းနှင့် အကျဉ်းသားစုစုပေါင်း ၂၀ ဦးထက်မနည်း ကိုဗစ်၁၉ ရောဂါကူးစက်ခံရသည်ဟု သတင်းရင်းမြစ်အချို့ထံမှ သိရသည်။
ပိုးတွေ့လူနာများတွင် အကျဉ်းဦးစီးဌာန၏ ဝန်ထမ်းအိမ်ယာတွင် နေထိုင်သူများပါလည်းပါဝင်သည်ဟု သိရသည်။

စစ်ကောင်စီ​၏ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၁၀ရက်နေ့ထိ ကိုဗစ်၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၉၃ ဦးရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *