ကေအိုင်အေ (kia)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာတွင် ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ ည ၈နာရီ ၁၀ မိနစ်အချိန်မှစတင်ကာ စစ်ကောင်စီ၏ စခန်းအနီးတွင် လက်နက်ကြီးအသံနှင့် သေနတ်သံများကြားရကြောင်းသိရသည်။

စစ်ကောင်စီ၏စခန်း အနီးလက်နက်ကြီးနှင့် သေနတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်နေသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေသင်္ည်ဟု ဒေသခံတစ်ဦးကThe 74 Media ကိုပြောသည်။
“ လက်နက်ကြီး အသံကော လက်နက်ငယ်အသံကော အစုံကြားနေရတယ် အများကြီးကြားရတယ် အတိအကျတော့ မရေ ထားဘူး၊ လက်နက်ကြီးက တစ်ဆယ်ကျော် လောက်ကြားရတယ် လက်နက်ငယ်အသံက နှစ်ဆယ်ကျော်လောက်ကြားရတယ် အတိအကျတော့ မရေထားဘူး” ဟု သူကပြောသည်။
ထို့ပြင် ပစ်ခတ်မှုသည် မိနစ်နှစ်ဆယ်ခန့်ကြာ ကြာမြင့်ခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် ရပ်ကွက် ခမရ ၃၂၁ တွင် လွန်ခဲ့သော ဇူလိုင်လ ၈ ရက်နေ့ ကချင်လွတ်မြောက်ရေးတပ်မတော်မှ တိုက်ခိုက်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ