Month: June 2021

ပူတာအိုလေဆိပ်ကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကေအိုင်အေအတည်ပြု

ကချင်ပြည်နယ် ပူတာမြို့နယ်ရှိ ပူတာအိုလေဆိပ်တွင် ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက် ၂ နာရီခွဲခန့်က ကချင်လွတ်မြောက်ရေးတပ် KIA က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း...

နန်းမားမြို့တွင် ဒလန်ဟုယူဆရသူတစ်ဦး သေနတ်ဖြင့် အပစ်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်သဖြင့် မြစ်ကြီးနားမြို့ တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ဖားကန့်မြို့ ဆိုင်းတောင်တံတားအနီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိုင်းတောင် (ဆိပ်မူ) ရပ်ကွက် ၃ တံတားထိပ်တွင် ယနေ့ ဇွန်လ ၁ ရက်နေ့၊ နံနက် ၁၀ နာရီ ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးအခင်းဖြစ်ပွားရာနေရာတွင်...

တိုက်ပွဲဖြစ်ပွားရာ ဒီမော့ဆိုမြို့တွင် ဒလန်ဟုယူဆရသူ၏ နေအိမ်တစ်လုံးမီးလောင်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ စံပြ (၆)မိုင်ရွာတွင် ယနေ့ နံနက် ၆နာရီခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကျောင်းသားနှစ်ထောင်ကျော်ရှိသည့် ဟိုပင်မြို့မှ အထက်တန်း ကျောင်းတွင် ၂၀၀ ကျော် ကျောင်းတက်

ကချင်ပြည်နယ်၊ ဟိုပင်မြို့ရှိ ကျောင်းသားကျောင်းသူ ၂၀၀၀ ကျော်ရှိသည့် အထက်တန်းကျောင်း (ဟိုပင်) တွင် ယနေ့ ကျောင်းစတက်သူ ၂၀၀ ကျော်ရှိကြောင်းသိရသည်။