ဒီမော့ဆိုမြို့
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ စံပြ (၆)မိုင်ရွာတွင် ယနေ့ နံနက် ၆နာရီခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မီးလောင်သွားသော နေအိမ်သည် ဦးဆီကောဒိုဆိုသူ၏နေအိမ်ဖြစ်ပြီး လက်ရှိတွင်
လူသူနေထိုင်ခြင်းမရှိသောအိမ်ဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ The 74 Media ကိုပြောသည်။
“ဘာကြောင့်လောင်မှန်းတော့မသိဘူး။ ငြှိမ်းသတ်မယ့်သူလည်း မရှိဘူး။ ညက လက်နက်ကြီးကျသံတော့ကြားတယ်”ဟု ပြောသည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် အဆိုပါ ရပ်ကွက်တွင်ယမန်နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရပ်ကွက်နေ ပြည်သူများ ကြိုတင် တိမ်းရှောင်သွားကြောင်းကြပြီး
အဆိုပါနေအိမ်မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းသူက ဆက်ပြောသည်။
မီးလောင်သွားသည့် အိမ်ပိုင်ရှင်သည် တိုက်ပွဲနှင့် ပတ်သက်သည့်သတင်းများကို စစ်ကောင်စီဘက်သို့ ပေးပို့သူဖြစ်ကြောင်း
ဒေသခံအချို့ စွပ်စွဲပြောဆိုနေကြသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ထို့အပြင် ယမန်နေ့ည ၁၀ နာရီခွဲဝန်းကျင်ကလည်းနောင်ယားရပ်ကွက်ရှိ ကြံ့ခိုင်ရေးရုံး‌ရှေ့တွင် ရပ်ထားသည့် ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာတွင်
ကြံ့ခိုင်ရေးရုံးပါ မီးကူးစက်၍ လောင်ကျွမ်းသွားကြောင်း ဒေသခံတစ်ဦးကဆိုသည်။
ကယားပြည်နယ်တွင် မေလ ၂၁ ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့
တိုက်ပွဲပြင်းထန်နေမှုကြောင့် ပြည်သူအများအပြား ထွက်ပြေး တိမ်းရှောင်နေရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ