ဟိုပင်မြို့မှအထက်တန်းကျောင်း
ကချင်ပြည်နယ်၊ ဟိုပင်မြို့ရှိ ကျောင်းသားကျောင်းသူ ၂၀၀၀ ကျော်ရှိသည့်
အထက်တန်းကျောင်း (ဟိုပင်) တွင် ယနေ့ ကျောင်းစတက်သူ ၂၀၀ ကျော်ရှိကြောင်းသိရသည်။

ဟိုပင် အ.ထ.က ကျောင်းတွင် ကျောင်းလာတက်သူအများစုသည် တပ်မတော်ထောက်ခံသူများနှင့်
မြို့ပေါ်နေထိုင်သူအချို့ဖြစ်ကြသည်ဟု အမည်မဖော်လိုသူ ပညာရေးဝန်ထမ်းတစ်ဦးက The 74 Media ကို ပြောသည်။
“တပ်မတော်ထောက်ခံတဲ့သူတွေ၊ မြို့ပေါ်က လူတွေ အများစု လာအပ်တာ ၊ မူလွန်တို့၊ လခွဲတို့ ၊မူကျောင်းတွေက
ရုံးခန်းတွေဘဲ ဖွင့်ပြီး သန့်ရှင်းရေး လုပ်နေကြတယ်”ဟု ပြောသည်။
ဟိုပင်မြို့ရှိအခြားအထက်တန်းကျောင်းတစ်ခုဖြစ်သည့် အ.ထ.က (စက်ကုန်း) ကျောင်းတွင်
ကျောင်းတက်သူ စုစုပေါင်း ၃၀ဦးခန့်ရှိကြောင်းသူက ဆက်ပြောသည်။
ဟိုပင်မြို့ရှိ အခြေခံပညာရေးကျောင်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေရာယူထားသည်ဟု သိရသည်။
ဟိုပင်မြို့တွင် အ.ထ.ကကျောင်း သုံးကျောင်း ရှိ၊ မူလတန်းလွန်ကျောင်း သုံးကျောင်း ၊ မူလတန်းကျောင်း ငါးကျောင်း ရှိပြီး
ယခင်နှစ်က ကျောင်းတက်သူ စုစုပေါင်း ကျောင်းသား ၅ထောင်ကျော် ရှိသည့် မြို့ဖြစ်သည်။
ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် မေလ ၂၄ ရက်နေ့မှစတင်ပြီး စစ်ကောင်စီ၏ စေခိုင်းမှုဖြင့်
CDMတွင်မပါဝင်သော ဆရာ၊ဆရာမများက ကျောင်းအပ်လက်ခံနေမှုများ ပြုလုပ်ခဲ့ကြသည်။
ပုံ / ဟိုပင်မြို့ အထက စက်ကုန်းစာသင်ကျောင်းရှေ့မြင်ကွင်း။
သင့်ထင်မြင်ချက်ရေးပေးပါ