ဖားကန့်မြို့နယ် ဆိုင်းတောင်တံတားထိပ်

ဖားကန့်မြို့နယ်၊ ဆိုင်းတောင် (ဆိပ်မူ) ရပ်ကွက် ၃ တံတားထိပ်တွင် ယနေ့ ဇွန်လ ၁ ရက်နေ့၊ နံနက် ၁၀ နာရီ ခန့်က
ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးအခင်းဖြစ်ပွားရာနေရာတွင် စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းသိရသည်။

 

ဖားကန့်မြို့နယ် ဆိုင်းတောင်တံတားထိပ်

 

စစ်ကောင်စီတပ်များ ဖြတ်သန်းနေရာ တံတားပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက
သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကို သူကပြောသည်။

“ထိသွားတာတော့ ဟုတ်တယ်၊ ကားပေါ်တစ်ခါတည်း ကောက်တင်သွားတာပဲ တွေ့လိုက်တယ်၊
ဘယ်သူ ဘယ်ဝါဆိုတာ မသိဘူး၊ ရဲကားတွေ တံတားပေါ်ရောက်တဲ့အချိန်ကွဲတာ၊
အဲ့ဦးလေးကျလည်း ဆိုင်ကယ်နဲ့လာတာ၊ အဲ့ဦးလေးလုပ်တယ်ထင်လို့ ပစ်တာလို့လည်း ကြားတယ်” ဟုသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သယ်ဆောင်သွားသောသူ သေနတ်ထိမှန် ဒဏ်ရာရရှိသူ မည်သူ မည်ဝါဖြစ်ကြောင်နှင့်
သေဆုံးခြင်း ရှိ၊ မရှိကို The 74 Media မှ သီးခြား အတည် ပြုနိုင်ခြင်းမရှိသေးပါ။

ဖားကန့်မြို့နယ် ဆိုင်းတောင်တံတားထိပ်တွင် ယနေ့နံနက် ၁၀ နာရီခန့်က
စစ်ကောင်စီတပ်များ တံတားပေါ်ဖြတ်သန်းချိန် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး သေနတ်သံ ရှစ်ချက်ခန့်ထွက်ပေါ်ခဲ့သည်။

– ယနေ့နံနက် ဆိုင်းတောင် ရပ်ကွက် ၃ တံတား အနီးတွင် ရိုက်ကူးထားသောပုံဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ