နန်းမားမြို့တွင် ဒလန်ဟုယူဆရသူတစ်ဦး
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး
ဒဏ်ရာပြင်းထန်သဖြင့် မြစ်ကြီးနားမြို့ တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
နန်းမားမြို့တွင် ဒလန်ဟုယူဆရသူတစ်ဦး

 

နန်းမားမြို့ အောင်မင်္ဂလာ ရပ်ကွက်တွင် နေထိုင်သောအသက် (၄၉) နှစ်အရွယ် ဦးအေးမင်းကို
ယနေ့ ဇွန်လ ၁ ရက်နေ့၊ နံနက် ၆ နာရီခွဲခန့်တွင် အမည်မသိ လက်နက်ကိုင်များမှ
ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“သူက ဒလန်အကြီးစား၊ ကြံ့ဖွတ်ထောက်ခံသူ၊ တပ်ထောက်ခံပွဲကို ဦးဆောင်တဲ့သူ ၊ လမ်းမှာ လူနှစ်ယောက်ပစ်သွားတာတဲ့၊
တစ်ချက်တည်းလို့ ပြောတယ်၊ အရပ်ပုတဲ့တစ်ယောက်ကမောင်းပြီး အနောက်က တစ်ယောက်က ပစ်တာတဲ့ ဗိုက်ကို ရှပ်ထိ ထိသွားတယ်၊
တပ်ကနေ ဆေးကု အောက်စီဂျင်တပ်ပီး မြစ်ကြီးနား ဆေးရုံပို့လိုက်တယ်၊သူက အရင်က အုပ်ချုပ်ရေးမှူးဟောင်း ဟုတ်တယ် ” ဟု သူက ပြောသည်။
ဦးအေးမင်း ပစ်ခတ်ခံရပြီး လက်ရှိအချိန်တွင် ဆေးကုသမှု ခံယူနေပြီး စိုးရိမ်ရကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။
မိုးညှင်းမြို့နယ်၊ နန်းမားမြို့ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် လာရောက်ဖမ်းဆီးမှုများနှင့်
ဓားစာခံပြုလုပ်ပြီး ဖမ်းဆီးခြင်းများလည်း ပြုလုပ်နေကြောင်းသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ