မြစ်ကြီးနားတွင် စက်ဘီးနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်၊ နှစ်ဦးစလုံး စိုးရိမ်ရဟုဆို
မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် နှစ်ခြင်းဘုရားကျောင်းရှေ့တွင် ယနေ့ ညနေ ငါးနာရီခန့်က ဆိုင်ကယ်နှင့် စက်ဘီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်က ဧရာဝတီမြစ်ကမ်းတစ်လျှောက်က ကျေးရွာများနှင့် ရွှေဖောင်များကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများအတွင်း နှစ်ရက်ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်နှင့် ရွှေဖောင်များကို မီးရှို့ဖျက်ဆီးနေပြီး ဒေသခံများကိုလည်း ဖမ်းဆီးနေကြောင်းသိရသည်။
ဖားကန့် မှော်စီစာတွင် သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာတွင် သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက် ခြောက်နာရီခန့်က တွေ့ရှိခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်က ကျောက်စိမ်းကုမ္ပဏီတစ်ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်
စစ်ကောင်စီတပ်ဖွဲဝင်များက ဖားကန့်မြို့နယ် မှော်စီစာကျေးရွာ အောင်သာယာရပ်ကွက်ဘက်သို့ ယနေ့ နံနက်(၁၁)နာရီခွဲအချိန်ခန့်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ကျောက်စိမ်းရှာဖွေစဉ် ကမ်းပါးပေါ်မှပြုတ်ကျသေဆုံးခဲ့သူ၏ ရုပ်အလောင်းပြန်တွေ့
ဖားကန့်မြို့ ၊ မှော်စီစာကျေးရွာတွင် ယနေ့ ညနေ ၂ နာရီခန့်က ပုပ်ပွနေသည့် ရေမဆေးသမားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်းသိရသည်။
စစ်ကိုင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု စီးနင်းခံရပြီး ၂ ဦး ကျဆုံး
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကိုင်းမြို့နယ်၊ တဲကြီးကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို ယနေ့ နံနက် ငါးနာရီခန့်က ဝင်ရောက်စီးနင်းခဲ့သောကြောင့် ပကဖ အဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။
စစ်ကောင်စီစစ်ကြောင်းက ဒေသခံများ၏ ပစ္စည်းများကို ခိုးယူပြီး ပြန်လည်ရောင်းချ၊ ကျေးရွာကိုလည်း မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ရှိ ကျေးရွာတစ်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်က ဒေသခံများ၏ နေအိမ်အတွင်းမှ ပစ္စည်းများခိုးယူကာ ပြန်လည်ရောင်းချခဲ့ကြောင်း သိရသည်။
ရွှေကူမြို့ ဧရာဝတီမြစ်ကမ်းဘေးက ရွှေဖောင်များကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး
ကချင်ပြည်နယ်၊ ရွှေကူမြို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ရပ်နားထားသည့် ဒေသအခေါ်ရွှေမော်တော် (ရွှေဖောင်)များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီခန့်မှ စတင်မီးရှို့ဖျက်ဆီးနေကြောင်းသိရသည်။
မြစ်ကြီးနား ပလနကျေးရွာမှ ရှစ်တန်းကျောင်းသူတစ်ဦး ပျောက်ဆုံးနေ
မြစ်ကြီနားမြို့၊ ပလနကျေးရွာ နယ်မြေ (၂) တွင် နေထိုင်သော ရှစ်တန်းကျောင်းသူတစ်ဦး မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
ရေနွေးပူစိမ်ရန် ဖိအားပေးခံရသည့် ကလေးနှစ်ဦး တရုတ်ယွမ်ငွေ သုံးထောင်ခန့်ဖြင့် ကျေအေး၊ တာဝန်ရှိသည့်ဆရာမနှစ်ဦးကို သီးခြားအရေးယူမှုမရှိ
တရုတ်ငွေ ယွမ် ၄၀ ခိုးယူသည့် စွပ်စွဲချက်ဖြင့် ရေနွေးပူတွင် လက်စိမ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသူနှစ်ဦးအမှုကို လျော်ကြေးပေးကာ ကျေးအေးပေးလိုက်ကြောင်း သိရသည်။
စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်
နမ်ဆန်ယန် စစ်မျက်နှာပြင်အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတစ်ပါးနှင့်ပြည်သူတစ်ဦးကွယ်လွန်
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က အင်းတော်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ခုကို အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျောင်းထိုင်ဘုန်းကြီးတစ်ပါးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့သည်။