News

မိုးကောင်းမြို့နယ် မရမ်းကျေးရွာအနီး လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲ

မိုးကောင်းမြို့နယ် မရမ်းကျေးရွာအနီးတွင် ယမန်နေ့ည ၈နာရီ ခန့်က လက်နက်ကြီးကျည်ဆံနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ပေါင်တွင်ကျည်ဆံထိမှန်သည့် အမျိုးသမီး၏ အခြေအနေတိုးတက်ကောင်းမွန်လာ

မတ်လ (၂၈) ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရပ်ကွက်တွင်းပစ်ခတ်မှုကြောင့် ပေါင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားတွင် အဖမ်းခံရသည့် သတင်းထောက်နှစ်ဦးကို အမှုဖွင့်

မြစ်ကြီးနားမြို့တွင် မတ်လ (၂၉) ရက်နေ့တွင် ဖမ်းဆီးခံရသည့် The 74 Media နှင့် Kachinwaves မှသတင်းထောက်နှစ်ဦးကို တပ်မတော်အကြည်အညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅...

မြစ်ကြီးနားရမ်ပူသပိတ်ကို သီချင်းများဟစ်ကြွေးပြီး အောင်မြင်စွာအဆုံးသတ်

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် ယနေ့နေ့လယ်မှစတင်ကာ ခံတပ်များပြုလုပ်ပြီး စစ်အာဏာရှင်ကို ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် တေးသီချင်းများ ဟစ်ကြွေးခြင်းဖြင့် သပိတ်ကို အောင်မြင်စွာအဆုံးသတ်ခဲ့ကြသည်။