News

ဖားကန့်မြို့၊ လုံးခင်း​ကောင်းကင်ယံတွင် စစ်ရဟတ်ယာဥ်ခုနစ်ကြိမ်ခန့် လှည့်ပတ်ပျံသန်း

ဖားကန့်မြို့၊ လုံးခင်း​ကောင်းကင်ယံ​တွင် စစ်​ကောင်စီတပ်၏ ရဟတ်ယာဥ်များသည် ယ​နေ့ ည​နေ ၅နာရီခန့်က ခုနစ်ကြိမ်ခန့်လှည်ပတ်ပျံသန်း​နေ​​ကြောင်း လုံးခင်း​ဒေသခံအချို့က The 74 Media ကို သတင်း​ပေးပို့လာသည်။

ကချင်ပြည်နယ်၊ မိုး​မောက်မြို့ စစ်​ကောင်စီ၏ ခမရ ၃၂၀ အနီးတွင် တိုက်ပွဲဖြစ်

ကချင်ပြည်နယ် မိုးမောက်မြို့ အနီးရှိ မြို့သစ်နှင့်စီဟက်​ကျေးရွာအနီးမှ ခမရ ၃၂၀အနီးတွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ယနေ့ညနေ ၅ နာရီဝန်းကျင်၌ တိုက်ပွဲ​ဖြစ်ပွားခဲ့သည်။

မိုးညှင်းတွင် အရပ်ဝတ်စစ်သားများက ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူနှစ်ဦး အခြေအနေစိုးရိမ်ရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် လယ်မှီးကျေးရွာ တံတားအနီး ကုန်တင်ယာဥ် ၄ စီးကို အရပ်ဝတ်စစ်သားများက သေနတ်နှင့် ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်းတစ်ဦးနေရာတင်သေဆုံးပြီး၊ ဒဏ်ရာရရှိခဲ့သူ ၂ ဦး၏ အခြေအနေစိုးရိမ်ရသည်ဟု...

ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ကေအိုင်အေသိမ်း

ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်၊ လဂါတ်တောင်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စခန်းတစ်ခုကို ယနေ့နေ့လယ်ပိုင်းက ကေအိုင်အေသိမ်းပိုက်ရရှိသည်ဟု သိရသည်။