မိုး​မောက်မြို့

ကချင်ပြည်နယ် မိုးမောက်မြို့ အနီးရှိ မြို့သစ်နှင့်စီဟက်​ကျေးရွာအနီးမှ ခမရ ၃၂၀အနီးတွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ယနေ့ညနေ ၅ နာရီဝန်းကျင်၌ တိုက်ပွဲ​ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီဘက်မှလက်နက်ကြီးများပစ်ခတ်ခဲ့သည်ဟု မိုးမောက်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“စစ်တပ်ဘက်ကလက်နက်ကြီးပါပြန်ပစ်ရတဲ့ပုံဆိုရင် KIAဘက်ကလည်း လာပစ်တယ်ထင်တယ်” ဟုပြောသည်။

တိုက်ပွဲသည် နာရီဝက်ကျော်ကြာမြင့်ခဲ့ပြီး လက်ရှိအချိန်တွင်ငြိမ်သက်နေသည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ