မြဝတီဘဏ်

မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်ရှိ မြဝတီဘဏ်အနီး ယနေ့နေ့လယ် ၄ နာရီခန့်က အသံဗုံးနှစ်လုံးဖောက်ခွဲခဲ့သည်ဟု သိရသည်။

အသံဗုံးနှစ်လုံးပေါက်ကွဲမှုကို အခြားရပ်ကွက်များမှလည်းကြားရသည်ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။
“အသံကတော်တော်ကျယ်တာ၊ နှစ်ချက်တောင်၊ ဘဏ်နဲ့ဝေးတဲ့ ကျွန်မတို့ အိမ်ကနေတောင်ကြားရတယ်” ဟု ပြောသည်။
အသံဗုံးကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဗုံးခွဲသူများကို လိုက်လံရှာဖွေနေသည်ဟု သိရသည်။

Photo – ဓာတ်ပုံဟောင်းဖြစ်ပါသည်။

သင့်ထင်မြင်ချက်ရေးပေးပါ