မိုးညှင်းတွင် အရပ်ဝတ်စစ်သားများက ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူနှစ်ဦး အခြေအနေစိုးရိမ်ရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် လယ်မှီးကျေးရွာ တံတားအနီး ကုန်တင်ယာဥ် ၄ စီးကို အရပ်ဝတ်စစ်သားများက သေနတ်နှင့် ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်းတစ်ဦးနေရာတင်သေဆုံးပြီး၊ ဒဏ်ရာရရှိခဲ့သူ ၂ ဦး၏ အခြေအနေစိုးရိမ်ရသည်ဟု သိရသည်။

မိုးညှင်းတွင် အရပ်ဝတ်စစ်သားများက ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူနှစ်ဦး အခြေအနေစိုးရိမ်ရ

အခင်းဖြစ်သည့် ပစ်ခတ်မှုဖြစ်ပွါးတဲ့နေရာသည် ခလရ ၄၀နဲ့ ၃၆၇တပ်ရင်းကြား လယ်မှီးကျေးရွာရှိ တံတားအနီးတွင်ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တစ်ဦးက ပြောသည်။
“တစ်ယောက်ကတော့ ပွဲချင်းပြီးပဲ။ နှစ်ယောက်က သွေးထွက်လွန်ထားတော့ အခြေအနေစိုးရိမ်ရတယ်” ဟု ဆိုသည်။
တံတားလုံခြုံရေးယူထားသည့် အရပ်ဝတ်စစ်သားများက ကားများကို တားဆီးစစ်ဆေးပြီး ငွေကြေးမတန်တဆကောက်ခံခဲ့သည်ကို ကားသမားများက မပေးသောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသည့် ယာဥ်မောင်းတစ်ဦးက အတည်ပြုခဲ့သည်။

မိုးညှင်းမြို့နယ်အတွင်း ဧပြီလ ၁၇ ရက် ကလည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်ဂိတ် နန့်စီးအောင်ဂိတ်တွက် (၁၂)ဘီးယာဉ် ကုန်ကားတစ်စီးကို စစ်သားများက ဖြတ်သန်းခ ၁၀သိန်း မပေးဘဲ မောင်းပြေးသည့် သေနတ်နဲ့ပစ် ခတ်ခဲ့တဲ့အတွက် ယာဉ်မောင်း တစ်ဦးသေဆုံးပြီးတော့ ယာဉ်အကူ ဒဏ်ရာရရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ