KIO-kachin Independence Organization ကချင်လွပ်လပ်ရေးအဖွဲ့ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာတည်ထောင်ပါသည်။ လက်နက် ကိုင်တော်လှန်ရေးပါတီဖြစ်သည်နှင့်အညီပါတီ၏ လက်နက်ကိုင် တပ်ဖွဲ့ KIA- Kachin Independence ကို ၁၉၆၁ ခုနှစ် ဖေဖဝါရီလ ၅ ရက်နေ့တွင် ဖွဲ့စည်းပါသည်။ ထို့ပြင် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ KIC- Kachin Independence Council ကိုဖွဲ့စည်းထားရှိပါသည်။

အများ KIA ဟု အလွယ်တကူသိရှိထားသော်လည်း ဖွဲ့စည်းပုံအရ KIO- KIA- KIC ဟူ၍ ဗဟိုအဖွဲ့အစည်း ၃ ခုဖွဲ့စည်းထားပြီး အမြင့်ဆုံးအာဏာပိုင်အဖွဲ့မှာ KIO ဖြစ်သည်။ လက်နက်ကိုင်သက်တမ်း နှစ် ၆၀ ကျော်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်သည်။

KIO/KIC

လက်ရှိ KIO တွင် ဗဟိုကော်မတီအဖွဲ့ဝင် ၁၁/၁၂ ဦးခန့်ရှိပြီး အဓိက ခေါင်းဆောင်များမှာ

ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ
ဒုဥက္ကဌ ၁ ဗိုလ်ချုပ်ကြီးဂွမ်ထန်ဂမ်ရှောင်
ဒုဥက္ကဌ ၂ ဆလန်ကဘာ ဆွန်လွတ်ဂမ်
အတွင်းရေးမှူး ဆလန်ကဘာ ကွန်ထပ်ထိန်နန်
လက်ရှိ KIC ခေါင်းဆောင်များမှာ
ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ
ဒုဥက္ကဌ ၁ ဒုဗိုလ်ချုပ်ကြီးဆွန်လွတ်ဂွမ်မော်
ဒုဥက္ကဌ ၂ ဗိုလ်ချုပ်ဇောင်းဘုတ်ထန်
အတွင်းရေးမှူး ဗိုလ်ချုပ် LLဇော်ရော်

KIO ဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွန်မူကိုခံယူပြီး ဗဟိုဌာနကြီးများ၊ ကော်မတီများ၊ ရေးရာအဖွဲ့များဖွဲ့စည်းပြီး KIO/KIC ခေါင်းဆောင်များက စီမံအုပ်ချုပ်ကြပါသည်။

KIC ရဲ့အုပ်ချုပ်စီမံမူ အောက်မှာရှိကြပါသည်။

(က) ဌာနကြီးများ
၁။ ပြည်ထဲရေး(အထွေထွေအုပ်ချုပ်ရေး)- Ginjaw uphkang rung
၂။ဘဏ္ဍာရေး-Ginjaw sutgan dap
၃။စီးပွားကူးသန်း ရောင်းဝယ်ရေး-Ginjaw sut masa magam dap
၄။ကျန်းမာရေး-Ginjaw Hkamja Dap
၅။ပညာရေး-Ginjaw Hpaji Dap
၆။တရားရေး-Ginjaw Tara Masa Magam Dap
၇။သတင်းနှင့်ပြန်ကြားရေး-Shiga Magam Dap
၈။နိုင်ငံခြားရေး-Ginjaw Maigan Makyit Mahkai Magam Dap
၉။စာပေနှင့်ယဥ်ကျေးမူ-Ginjaw Htunghking hte Laili Laika Magam Dap
၁၀။စိုက်ပျိူးမွေးမြူရေး(လယ်/ဆယ်)-Hkai Rem Magam Dap
၁၁။သစ်တောနှင့်သဘာဝဝန်းကျင်ထိန်းသိမ်းရေး-Nam maling hte Grup-yin Gawnhkang Magam Dap

(ခ) အခြားရုံးနှင့်ကော်မတီများ
၁။ပါတီဗဟိုဌာနချုပ်ရုံး-Ginjaw Komiti Rung
၂။.ဗဟိုမူးယစ်​ ဆေးဝါးတားဆီးပိတ်ပင်ရှင်းလင်းရေးကော်မီတီ-Ginjaw Kani Nang Hpam Pat Jasan Komiti
၃။ကချင်အမျိုးသမီးရေးရာအဖွဲ့-Wunpawng Mungdan Shanglawt Amyu Shayi Hpung
၄။အမျိုးသားထောက်ပံ့ရေးနှင့်ပြန်လည်ထူထောင်ရေးကော်မီတီ-Wunpawng Karum Ningtum hte Gaw Sharawt Komiti
၅။ဗဟိုလုပ်ငန်းနှင့်စာရင်းစစ်ချုပ်ရုံး-Ginjaw Magam Bungli hte Jahpan Chyarang Jepchyoi Makan Dap
၆။စစ်ဘေးရှောင်များပြုစုစောင့်ရှောက်ရေးကော်မီတီ-Ginjaw Hpyen Yen Lakawn Lanawn Komiti
၇။ နိုင်ငံရေးရှေ့လုပ်ငန်းစဥ် ချမှတ်ဖေါ်ဆောင်ရေးအဖွဲ့-Shawnglam Mungmasa Jasat Hpung
၈။ ပြည်သူ့ဆက်ဆံရေးတပ်- Mungshawa kanawn mazum Hpyenphung

( ဂ ) အုပ်ချုပ်ရေးနယ်မြေ
KIO/KIC သည် အုပ်ချုပ်ရေးနယ်မြေ ၄ ခုဖြန့်ခွဲ အုပ်ချုပ်သည်။
၁။ မြောက်ပိုင်းတိုင်း- မြစ်ဆုံမြောက်ဖက်ဒေသ
၂။ အနောက်ပိုင်းတိုင်း- မြစ်ဆုံတောင်ဖက်/ဧရာဝတီမြစ်အနောက်ဖက်ခြမ်း
၃။ အရှေ့ပိုင်းတိုင်း- မြစ်ဆုံတောင်ဖက်/ဧရာဝတီမြစ်အရှေ့ဖက်ခြမ်း
၄။ တောင်ပိုင်တိုင်း- ရှမ်းပြည်မြောက်ပိုင်း
တိုင်းများလက်အောက်တွင် မြို့နယ်၊ တိုက်နယ်၊ကျေးရွာအဆင့်ထိ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိသည်။ ယခင်က ခရိုင်အဆင့်ဖွဲ့စည်းသေးသော်လညါး ယခု ဖြုတ်ထားသည်ဟု ယူဆရပါသည်။(စီစစ်ဆဲ)

KIA

KIO ၏ အဓိက လက်နက်ကိုင်တပ်ဖြစ်သည့် KIA ၏ လက်ရှိ ခေါင်းဆောင်များနှင့်ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

တပ်မှူးကြီး ဗိုလ်ချုပ်ကြီးအင်ဘန်လ
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂွမ်ထန်ဂမ်ရှောင်
ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် R ခေါင်လွန်း
ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်မရစ်အောင်ဆိုင်းလာ
စစ်ဦးစီးဗိုလ်မှူးချုပ် ဗိုလ်မှူးချုပ် မရန်ဇော်တောင်
စစ်ဦးစီးပထမတန်း (ဦး) ဗိုလ်မှူးကြီး ဂရားဇော်လီ
စစ်ဦးစီးပထမတန်း (ရေး) ဗိုလ်မှူးကြီး ပေါက်ဆာအောင်လွန်း
စစ်ဦးစီးပထမတန်း(ထောက်) ဗိုလ်မှူးကြီး အနိုင်းဇော်ခေါင်း

ဌာနချုပ်ဖွဲ့စည်းမှု

၁။ စစ်ရုံးချုပ် – Dailawn Rung
၂။ စစ်မဟာဗျူဟာလေ့လာရေးဌာန -Zai Ninggawn Rung
၃။ ခြေမြန်တပ်မဟာ- ရင်း ၂၅၁/၂၅၂/၂၅၃/၂၅၄/၂၅၅/၂၅၆
၄။ ဗဟိုကင်းတပ်မဟာ- ရင်း ၂၃/၂၈/၄၀/၄၂
၅။ လက်နက်ကြီးတပ်ဖွဲ့- ရင်း ၆၁၁/၆၁၂/၆၁၃/၆၁၄
၆။ ကွန်မန်ဒိုတပ်ရင်း
၇။ ဂေါ်ရခါးတပ်ရင်း
၈။ လက်ဖြောင့်တပ်ဖွဲ့
၉။ လေ့ကျင့်ရေးတပ်ရင်း

KIA စစ်ရုံးချုပ်နှင့် ဌာနချုပ်လက်အောက်ခံ တပ်မဟာ/တပ်ရင်း/တပ်ဖွဲ့များသည် ဧရာဝတီမြစ်အရှေ့ဖက်ခြမ်း လိုင်ဇာဒေသအားဗဟိုပြု၍ ဖြန့်ခွဲစုဖွဲ့ထားရှိပါသည်။

တပ်ဖြန့်ခွဲမှုများမှာ
၁။ မြောက်ပိုင်းတိုင်းနယ်မြေ- (က) တပ်မဟာ ၁ — ပူတာအို၊ ဆွမ်းပရာဘွမ်ဒေသ
( ရင်း ၄/၇/၁၀/၂၂ )
(ခ)တပ်မဟာ ၇ — ချီဗွေ၊ ဖရဲ ဒေသ)
( ရင်း ၃၂/၃၃/၄၆ )
၂။ အနောက်ပိုင်းတိုင်းနယ်မြေ- (က)တပ်မဟာ ၂ — လီဒိုကားလမ်း တောင်မြောက်
( ရင်း ၁၁/၁၄/၂၀/၄၅ )
(ခ ) တပ်မဟာ ၉ — ဖါးကန့်ဒေသ
( ရင်း ၆/၂၆/၄၄ )
( ဂ ) တပ်မဟာ ၈ — မိုးညှင်း/နန့်စီအောင်ဒေသ
( ရင်း ၅/၃၅/၄၁ )
၃။ အရှေ့ပိုင်းတိုင်းနယ်မြေ- ( က) တပ်မဟာ ၃ —- ဗန်းမော်ဒေသ
( ရင်း ၁/၁၂/၁၅/၁၆/၂၁/၂၇ )
(ခ ) တပ်မဟာ ၅ — ဆဒုံးဒေသ
( ရင်း ၃/၁၈/၁၉/၂၄/၂၅/၃၀ )
၄။ တောင်ပိုင်းတိုင်းနယ်မြေ- (က) တပ်မဟာ ၄ —- လားရှိုး/မူစယ်ကားလမ်းတောင်ဖက်ခြမ်း
( ရင်း ၈/၂၉/၃၄/၃၇ )
( ခ ) တပ်မဟာ ၆ — ကွတ်ခိုင်/မူစယ် ကားလမ်းမြောက်ခြမ်း၊
( ရင်း ၉/၃၆/၃၈ )
( ဂ ) တပ်မဟာ ၁၀ —- သိန္နီ/ကွန်လုံကားလမ်း တောင်/မြောက်
( ရင်း ၂ / ၁၇/ ၃၉ )

သို့ဖြစ်ရာ KIA သည် စုစုပေါင်း ခြေလျင် တပ်ရင်း ၅၁ ရင်းပါသည့် တပ်မဟာ ၁၂ ခု ၊ လက်နက်ကြီးတပ်ရင်း ၄ ရင်းနှင့် အထူးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရှိရပါသည်။

မှတ်ချက်။ ။ ရင်း ၁၃ အား ဖွဲ့စည်းထားခြင်းမရှိပါ ။ ကျန် ရင်း ၃၁/၄၃ တို့အား စီစစ်ဆဲဖြစ်ပါသည်။

MHH ပြည်သူ့စစ် KIO/KIC/KIA, မှ MHH ခေါ် ပြည်သူ့စစ်များအား တိုင်း/မြို့နယ်/ တိုက်နယ်/ကျေးရွာအလိုက်ဖွဲ့စည်း လက်နက်တပ်ဆင်ထားပြီး KIC အုပ်ချုပ်ရေးရုံးများနှင့် တွဲဖက်ထားသည်။

ပြည်သူ့စစ်များအား KIC အတွင်းရေးမှူးမှ ကွပ်ကဲပါသည်။ အခြားဌာနများ
KIO/KIC သည် ၎င်းတို့ထိမ်းချုပ်ရာနယ်မြေများတွင် ဆေးရုံ၊ ရဲတပ်ဖွဲ့ ၊စည်ပင်၊ မီးသတ်၊ သစ်တော၊ ဆည်မြောင်း၊ လျပ်စစ်၊ တက္ကသိုလ်/ကျောင်း၊ ​အကောက်ခွန်၊လဝက စသောဝန်ထမ်းများ လေ့ကျင့်ခန့်အပ်ထားသည်။

အင်အားနှင့်အခြား KIA တိုက်ခိုက်ရေး တပ်ရင်းတရင်းလျင် ပျမ်းမျှ အင်အား ၁၅၀ ခန့်ရှိနိုင်ပြီး နောက်တန်းဌာနဝန်ထမ်းများပါပေါင်းလျင် တပ်ဖွဲ့တခုလုံး အင်အား ၂၀၀၀၀ ခန့်ထိရှိနိုင်ပါသည်။ပြည်သူ့ စစ် MHH အင်အား ၅၀၀၀ ခန့်ရှိနိုင်သည်ဟုဆိုပါသည်။

ထိုအင်အားများသည် ခန့်မှန်းမျှသာ ဖြစ်သည်။ အတိအကျသိရှိနိုင်ရန် မဖြစ်နိုင်ပါ။ ထို့ပြင် KIA သည် ကိုယ်ပိုင်လက်နက်ခဲယမ်းထုတ်လုပ်မှုရှိနိုင်သည်ဟုအကဲခတ်များက သုံးသပ်ကြပါသည်။ ပြီးခဲ့သော ၄ နှစ်ခန့်အတွင်း KIA တပ်ဖွဲ့တခုလုံးအားချေမှုံးရေးရိုင်ဖယ်များ အသစ်ပြောင်းလဲတပ်ဆင်သည်အား တွေ့ရှိရသည်။ KIA တို့တွင် လေယာဉ်ပစ်ဒုံးလက်နက်အချို့ ဝယ်ယူရရှိပိုင်ဆိုင်ထားသည်ဟု နယ်စပ်‌ဒေသသတင်းအရင်းအမြစ်များကဆိုပါသည်။သို့သော်လည်း လက်တွေ့သုံးစွဲသည်ကိုမူ မတွေ့
ရသေးပေ။

KIA သည် ၎င်းတို့ထိမ်းချုပ်ရာဒေသများတွင် ၂ နှစ် စစ်မှုထမ်းဥပဒေပြဌာန်းထားသည်ဟုဆိုပါသည်။ KIA ထိမ်းချုပ်နယ်မြေဆိုရာတွင်အပြည့် အဝထိမ်းချုပ်ထားနိုင်သည့်‌နယ်မြေဒေသထက် ပြောက်ကျားလှုပ်ရှားထိမ်းချုပ်နိုင်သည့်နယ်မြေက ပို၍များပြား သည်။

KIO/KIC/KIA အဖွဲ့အစည်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် ဘဏ္ဏာရေးတောင့်တင်းသော အဖွဲ့အစည်းတခုဖြစ်သည်။ ကချင်ပြည်နယ်တွင်းရှိ လူထု၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကောင်းမွန်သည်။ လက်ရှိတွင် မြောက်ပိုင်းနိုင်ငံရေးမဟာမိတ်အဖွဲ့ ၇ ဖွဲ့တွင် ပါဝင်နေသော်လည်း တောင်ပိုင်းရှိ NCA
ထိုးထားသော အဖွဲ့များနှင့်လည်း ဆက်ဆံရေးကောင်းမွန်သည်။

၁၉၈၈ အရေးတော်ပုံနောက်ပိုင်း ABSDF ( မြောက်ပိုင်း) ကို KIA နယ်မြေတွင်း နေရာပေးခဲ့သကဲ့သို့ ၂၀၀၉ ခုနှစ်တွင် AA ( ရခိုင်) ၂၀၁၁ တွင် TNLA ( တအာင်းပလောင်) အဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ရာတွင် ၎င်းတို့‌
ဒေသတွင်း ဖွဲ့စည်းလေ့ကျင့်မှုခွင့်ပြုခဲ့ပြီး အကူအညီပေးခဲ့သည်။

နိုင်ငံတကာဆက်ဆံရေးတွင် KIA သည် တရုတ်ပြည်နှင့်သာမက အနောက်နိုင်ငံအချို့နှင့်ဆက်ဆံမှုရှိသည်။ လက်ရှိအခြေအနေတွင် အစိုးရနှင့် NCA တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလက်မှတ်ရေးထိုးထားခြင်း မရှိရုံသာမက တဖွဲ့ချင်းအပစ်အခတ်ရပ်စဲရေး biletral လက်မှတ်ရေးထိုးထားခြင်းလည်းမရှိပေ။

KIA အား အကြမ်းဖက်အဖွဲ့ဟု တခါတရံရည်ညွှန်းပြောကြသော်လည်း အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားခြင်းမရှိပါ။ သို့သော် KIA သည် NCA လက်မှတ်ရေးထိုးထားခြင်းမရှိ၍ မတရားသင်းအဖြစ်ကြေညာခံထားရဆဲအဖွဲ့ဖြစ်သည်။ KIO/KIA အတွက် အဓိက အခက်အခဲ
တခုမှာ ကချင်ပြည်နယ်တွင်းရှိ ကချင်မဟုတ်သည့်တိုင်းရင်းသားလူမျိုးများအား စည်းရုံးသိမ်းသွင်းရာတွင် အကန့်အသတ်ရှိခြင်းဖြစ်သည်။

ပြီးပါပြီ

မှတ်ချက်။ ။ data credit Hkun Htu

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးရေးသားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *