Month: October 2021

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ကို KIA နှင့် PDF တပ်များ ပူးပေါင်းတိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝရာဇွတ်ကျေးရွာနှင့် ရှဒူဇွတ်ကျေးရွာအနီး ယနေ့ နံနက် ၈ နာရီခန့်က စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA နှင့် PDF တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း...

စစ်ကောင်စီယာဉ်တန်းမိုင်းခွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ကျော်သေဆုံးသည်ဟု ဆို

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် သုံးမိုင်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့ ညသန်းခေါင် ၁၂ နာရီခွဲခန့်က စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့ည ၈ နာရီခွဲမှ ၁၀ နာရီထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သော...

တနိုင်းမြို့နယ် ကောင်ရာကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက KIA အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပူတာအိုတွင် မူးယစ်ဆေးဝါးသုံးစွဲသူပိုများလာပြီး ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်နေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စစ်ကောင်စီအာဏာသိမ်းသည့် ဖေဖော်ဝါရီလနောက်ပိုင်းမှစတင်ကာ မူးယစ်ဆေးဝါးသုံးစွဲသူများ ပိုမိုများပြားလာပြီး ရပ်ရွာအတွင်း ခိုးဆိုးလုယက်မှုများ ပိုမိုများပြားလာကြောင်း သိရသည်။

ပူတာအိုတွင် ရောဂါအခံရှိသည့် ကိုဗစ်လူနာနှစ်ဦးသေဆုံး

ကချင်ပြည်နယ် ပူတာအိုမြို့တွင် အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်နေ့၌ ကိုဗစ် ၁၉ ပိုးတွေ့အတည်ပြုလူနာနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်အချို့ထိခိုက်ပျက်စီးပြီး ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးကာ ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။

ဗန်းမော် သုံးမိုင်သံချပ်ကာတပ်တွင် လက်နက်ကြီးနှင့် လက်နက်ငယ်သံများ အဆက်မပြတ်ကြားရ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ၃မိုင် ရွှေပြည်သာရပ်ကွက်ရှိ သံချပ်ကာတပ်တွင် ယနေ့ အောက်တိုဘာ ၅ ရက်နေ့ နံနက် ၉ နာရီခန့်က လက်နက်ကြီး၊ သေနတ်သံများ ကြားနေရကြကြောင်း...

ထီးချိုင့်တွင် စစ်ကောင်စီရဲကင်းကို PDF များ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ကမ်းနီရွာအထွက်ရှိ စာသင်ကျောင်းအနီးမှ စစ်ကောင်စီရဲကင်းကို ယမန်နေ့ အောက်တိုဘာ ၄ ရက်နေ့ညက ထီးချိုင့် PDF များ မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။