ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးကာ ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။

စစ်ကောင်စီမှ ရိက္ခာပို့ရန်လမ်းကြောင်းရှင်းရာမှ တစ်ဖက်တည်းပစ်ခတ်မှုကြောင့် ထိခိုက်မှုများဖြစ်ခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“စကစဘက်က ဘောလခဲကို ရိက္ခာပို့ဖို့ဆိုပြီး လက်နက်ကြီးနဲ့ရမ်းသမ်းထုနေလို့ နေအိမ်တချို့လက်နက်ကျတယ်။ လူတစ်ယောက်တော့ ခြေထောက်ထိတယ်။ တစ်ဖက်တည်းပဲ နေ့လည်ကတည်းကပစ်နေတာ။ ငါးနာရီခွဲလောက်က ငြိမ်သွားတယ်။ လက်နက်သံကတော့ ခန့်မှန်းရသလောက် ၂၀ ချက်လောက်ရှိတယ်” ဟု ပြောသည်။

ဒီးမော့ဆိုမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ခြေလျင်တပ်ရင်းမှ ဒီးမော့ဆိုအနောက်ဘက်ခြမ်းသို့ ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာ ၄ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA နှင့် KNDF ပူးပေါင်းတပ်တို့၏ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *