Month: July 2021

မိုး​ကောင်းမြို့တွင် တစ်ရက်အတွင်း ကိုဗစ်​ကြောင့် ​ငါးဦးသေဆုံးပြီး ပိုး​တွေ့သူ ၂၄ ဦးထပ်တိုး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ကိုဗစ်​ ၁၉ ​ကပ်​ရောဂါကြောင့် ယ​နေ့ တစ်ရက်အတွင်း သေဆုံးသူ ငါးဦးနှင့် ပိုးတွေ့ရှိသူ ၂၄ ဦး ထပ်တိုးခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ် အစ္စလာမ့် လူငယ်များ ပရဟိတ ကွန်ယက်မှ အစားသောက်များသွားရောက်လှူဒါန်း

ကိုဗစ်ပိုးတွေ့လူနာများထားရှိရာ ဝိုင်းမော်အားကစားရံု၊ ဝိုင်းမော်ဆေးရုံ၊ ကန့်သတ်နယ်မြေသတ်မှတ်ထားသည့် မြစ်ကြီးနား မျက်မမြင်ကျောင်းနှင့် စီတာပူရပ်ကွက်ရှိ မိဘမဲ့ဂေဟာတွင် ကချင်ပြည်နယ် အစ္စလာမ့် လူငယ်များ ပရဟိတ ကွန်ယက်မှ အစားသောက်များသွားရောက်လှူဒါန်း  

စစ်​ရှောင်များ ကိုဗစ်ကူးစက်ခံရမည်ကို စိုးရိမ်​သော​ကြောင့် တိုက်ပွဲမငြိမ်​သက်သေး​သော်လည်း ​နေရပ်ပြန်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာတွင် ကိုဗစ် သံသရလူနာများ တွေ့ရှိသောကြောင့် ထိုကျေးရွာတွင် စစ်ရှောင်နေသည့် ပြည်သူအချို့ သည် ၎င်းတို့၏ မူလနေရပ်သို့ ပြန်သွားကြောင်း သိရသည်။

ကသာတွင် စစ်ကောင်စီ၏ မော်တော်ယာဉ်တစ်စီးကို PDF များ မိုင်းခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ကသာမြို့နယ်အဝင် ၅ မိုင်ကုန်းတွင် ယနေ့နံနက်စစ်ကောင်စီ၏ မော်တော်ယာဉ်တစ်စီးကို ဒေသခံ PDF များမှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံးကြီးကို ပြန်လည်ဖွင့်လှစ်

ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ယနေ့ ဇူလိုင် ၂၁ ရက်နေ့၊ နံနက်ပိုင်းမှ စ၍ ပြန်လည်ဖွင့်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ရှဒူးဇွပ်တွင် သုံးရက်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၀ ဦးခန့်ရှိလာ

ကချင်ပြည်နယ်၊ လီဒိုလမ်းမပေါ်ရှိ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာတွင် သုံးရက်အတွင်း ကိုဗစ်၁၉ ပိုးတွေ့လူနာ ၅၀ ဦးခန့်ရှိလာပြီဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့မှ သံဃာတော်၊ သီလရှင် အပါအဝင် စုစု​ပေါင်း ၄၅ ဦး ကိုဗစ် ကူးစက်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ပုညရှင်ဘုန်းကြီးကျောင်း၊ ပညာရောင်ခြည်စာသင်တိုက်၊ အရိယာဝံသကျောင်းတို့မှ ဆရာတော်/သံဃာတော်၊ သီလရှင်နှင့် ယောဂီများအား ကိုဗစ်ပိုးစစ်ဆေးကြည့်ရာ စုစုပေါင်း ၄၅ ဦးတွင် ပိုးတွေ့ရှိသည်ဟု သိရသည်။