ဖားကန့်တွင် လေးရက်ကြာပျောက်ဆုံးနေသည့် လူငယ်တစ်ဦးကို သေဆုံးလျက်သား ပြန်လည်တွေ့ရှိ
ဖားကန့်မြို့နယ်၊ ဂွေခါကျေးရွာတွင် လေးရက်ကြာ ပျောက်ဆုံးနေသူကို ဇူလိုင်လ ၂၂ ရက်နေ့၊ နေ့လည် ၂ နာရီဝန်းကျင်ခန့်က ကုမ္ပဏီလုပ်ကွက်ဟောင်းရေကန်တွင် သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ် ခလုံးကျေးရွာတွင် ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်၁၉ ကူးစက်ခံရသူ နှစ်ဦးတွေ့
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ခလုံးကျေးရွာတွင် ဇူလိုင် ၂၂ ရက်နေ့က ကိုဗစ်၁၉ ပိုးတွေ့အတည်ပြုလူနာ အမျိုးသမီး ၂ ဦး စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့က ကောင်ကထောင်ဈေးကို Lockdown ချ
ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ကောင်ကထောင်ရပ်ကွက်ရှိ မြို့မဈေးတစ်ခုလုံးအား ယနေ့နံနက်မှစ၍ Lockdown ချလိုက်ပြီဖြစ်ကြောင်းသိရသည်။
မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် အပြင်ထွက်ခွင့်ကတ်ပြား စတင်ဖြန့်ဝေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် Stay At Home ကြေညာပြီးနောက် ယမန်နေ့ ဇူလိုင်လ ၂၁ ရက်မှ စတင်ကာ အပြင်ထွက်ခွင့်ကတ်ပြား စတင်ဖြန့်ဝေနေသည်ဟု သိရသည်။
မြစ်ကြီးနား စိန့်ဂျွန်းကက်သလစ်ဘုရားကျောင်းမှ စစ်ရှောင်ပြည်သူတစ်ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်းပုံရပ်ကွက်ရှိ စိန့်ဂျွန်းကက်သလစ်ဘုရားကျောင်းမှ စစ်ရှောင်ပြည်သူတစ်ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့ရှိကြောင်းသိရသည်။
တရုတ်နိုင်ငံတွင် တစ်ပတ်အတွင်း ရေကာတာနှစ်ခု ပြိုကျပျက်စီး၊ အခြားရေကာတစ်ခု ထပ်မံပြိုကျနိုင်ကြောင်း သတိပေးထုတ်ပြန်ထား
တရုတ်နိုင်ငံတွင် တစ်ပတ်အတွင်း မွန်ဂိုးလီးယားအတွင်းပိုင်းဒေသရှိရေကာတာနှစ်ခု မုန်တိုင်းကြောင့် ပြိုကျပျက်စီးသွားပြီး အခြားပြည်နယ်တစ်ခုရှိရေကာတာတစ်ခုလည်း အက်ကြောင်းများဖြစ်ပေါ်လာသဖြင့် ပြိုကျနိုင်ချေရှိကြောင်း သတိပေးထုတ်ပြန်ထားသည်။
ကာမိုင်း PDF အဖွဲ့ စစ်ကောင်စီဂိတ်အား တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ လေးဦးသေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကားမိုင်းမြို့အဝင်ရှိ စစ်ကောင်စီဂိတ်ကို ကာမိုင်း PDF တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၇နာရီအချိန်က မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ လေးဦးသေဆုံးသွားကြောင်းသိရသည်။
မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းမှ ပြည်သူနှစ်ဦး ကိုဗစ် ကူးစက်ခံရ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဂျန်မိုင်ကောင်းရပ်ကွက်ရှိ စိန်ပေါလ်ယာယီစစ်ရှောင်စခန်းမှ ပြည်သူ နှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူနှစ်ဦးမှာ သားအမိနှစ်ဦးဖြစ်ပြီး မိခင်အနံ့ပျောက်သဖြင့် စစ်ဆေးကြည့်ရာမှ ကိုဗစ်ပိုးတွေ့ရှိကြောင်း စစ်ရှောင်စခန်းရှိ တာဝန်ရှိသူတစ်ဦးက...