မြစ်ကြီးနား စိန့်ဂျွန်းကက်သလစ်ဘုရားကျောင်းမှ စစ်ရှောင်ပြည်သူတစ်ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်းပုံရပ်ကွက်ရှိ စိန့်ဂျွန်းကက်သလစ်ဘုရားကျောင်းမှ စစ်ရှောင်ပြည်သူတစ်ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့ရှိကြောင်းသိရသည်။

မြစ်ကြီးနား စိန့်ဂျွန်းကက်သလစ်ဘုရားကျောင်းမှ စစ်ရှောင်ပြည်သူတစ်ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့

 

စစ်ရှောင်စခန်းတွင် နေထိုင်သူ အသက် ၇၀ နှစ်အရွယ် အဘွားတွင် ယနေ့နံနက်ပိုင်းက စစ်ဆေးတွေ့ရှိခြင်းဖြစ်သည်ဟု စခန်းတွင်နေထိုင်သည့် စစ်ရှောင်ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“အဘွားက သွေးတိုးရောဂါရှိတယ် ဒီမနက် အိပ်ရာထဲမှာ မေ့နေလို့ ပြည်သူ့ဆေးရုံခေါ်သွားတာ ပိုးတွေ့တယ်တဲ့ ကျန်မာရေးအခြေအနေကတော့ အဆင်ပြေသလောက်ပါပဲ” ဟုသူကပြောသည်။
လက်ရှိအချိန်တွင် နောင်းပုံစစ်ရှောင်စခန်းကို ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ထားပြီးကြောင်း သူကဆက်ပြောသည်။
ပိုးတွေ့လူနာနှင့် ထိစပ်သူများကို ကိုဗစ်၁၉ ပိုး လာရောက်စစ်ဆေးခြင်း မရှိသေးကြောင်း သိရသည်။

နောင်းပုံရပ်ကွက်ရှိ စိန့်ဂျွန်းကက်သလစ်ဘုရားကျောင်းတွင် စစ်ရှောင်အိမ်ထောင်စု (၃၃) ရှိပြီး လူဦးရေစုစုပေါင်း (၉၇) ဦး ခန့်နေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ