မြစ်ကြီးနားမြို့တွင် အသစ်ဖွင့်ထားသည့် ပုဂ္ဂလိကဆေးရုံတစ်ရုံကို အသွားအလာကန့်သတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် ဈေးကြီးလမ်းနှင့် လမ်းသွယ် (၁၄) ထောင့်ရှိ ရင်စိန်ဆေးရုံအား ယမန်နေ့ ညနေပိုင်းတွင် Lockdown ချလိုက်ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦးထံက သိရသည်။

မြစ်ကြီးနားမြို့တွင် အသစ်ဖွင့်ထားသည့် ပုဂ္ဂလိကဆေးရုံတစ်ရုံကို အသွားအလာကန့်သတ်

 

ဆေးရုံ၌တက်ရောက် ဆေးကုသမှုခံယူနေသည့် လူနာ ၂ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသောကြောင့် ဆေးရုံကို Lockdown လုပ်ရခြင်းဖြစ်သည်ဟု ဆေးရုံဝန်ထမ်းတစ်ဦးက The 74 Media ကိုပြောသည်။

“ဆေးရုံ Lockdown က မနေ့ည ညနေ ၇ နာရီကျော်လောက်မှာ လုပ်တာဟုတ်တယ်။ ရပ်ကွက်က တာဝန်ရှိတဲ့သူတွေ လာလုပ်တာဟုတ်တယ်။ ပိုးတွေ့တာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးပါ။” ဟုသူကပြောသည်။

ပိုးတွေ့လူနာနှစ်ဦးကို ဆေးရုံတွင်ထားရန် မဖြစ်သောကြောင့် ဆေးရုံကြီးသို့ သွားရောက်ပြသရန် အကြံပြုထားကြောင်း သူကဆက်ပြောသည်။

ယခုချိန်တွင် ရင်စိန်ဆေးရုံ၌ ဆက်လက်ဆေးကုသမှုခံယူနေသည့် လူနာများလည်း ရှိကြောင်းသိရသည်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ မြစ်ကြီးနားတွင် ပိုးတွေ့လူနာစုစုပေါင်း ၅၄၁ ဦး ရှိပြီး သေဆုံးသူ ၁၅ ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ